နွားအားရှောင်ကွင်းမောင်းနှင်စဉ် ဆိုင်ကယ်တိမ်းမှောက်ရာမှ ကားကြိတ်မိ၍ ဆိုင်ကယ်စီးနင်းသူ ပွဲချင်းပြီးသေဆုံး


မိုးကောင်း မေ ၈

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် သိုက်ဝါးကုန်းကျေးရွာအနီးတွင် မေ၇ရက် ညနေ၅နာရီခွဲက ဆိုင်ကယ်မောင်းနှင်သူတစ်ဦး နွားအားရှောင်ကွင်းမောင်းနှင်ရာမှ ဆိုင်ကယ်တိမ်းမှောက်ကာ မျက်နာချင်းဆိုင်မှမောင်းနှင်လာသည့် ကားကြိတ်မိ၍ ဆိုင်ကယ်မောင်းနှင်သူ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မိုးကောင်းမြို့နယ် သိုက်ဝါးကုန်းကျေးရွာအနီး မြစ်ကြီးနား-ရွှေဘို ပြည်ထောင်စုလမ်းမကြီးပေါ်တွင် မြစ်ကြီးနားဘက်မှ မိုးညှင်းဘက်သို့ မိုးညှင်းမြို့၊နားခါမြောက်ရပ်ကွက်နေ အောင်အောင်(၃၂)နှစ် စီးနင်းလာသည့် YAMAHA အမျိုးအစား DT ဆိုင်ကယ်သည် သိုက်ဝါးကုန်းကျေးရွာအနီး မိုင်တိုင်အမှတ်(၃၆၁/၃၆၂)ကြား အရောက်တွင် ရှေ့မှနွားအားရှောင်ကွင်းမောင်းနှင်ရာမှ ဆိုင်ကယ်တိမ်းမှောက်ခဲ့ပြီး မိုးညှင်းဘက်မှ မြစ်ကြီးနာဘက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ) မောင်းနှင်လာသည့်(၁၂)ဘီးယာဉ်ဖြင့် ကြိတ်မိခဲ့၍ ဆိုင်ကယ်မောင်းနှင်သူ ပွဲချင်းပြီးသေဆုံးသွားခဲ့ကာ (၁၂)ဘီးယာဉ်မောင်းနှင်သူမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ (၁၂)ဘီးယာဉ်မောင်းနှင်သူ(စုံစမ်းဆဲ)အား စုံစမ်းဖော်ထုတ်နိုင်ရန် ပင်းဘောနယ်မြေရဲစခန်းတွင် ယာဉ်(ပ)၁၂/၂၀၁၈၊ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဝင်းနိုင် ကချင်မြေ
မိုးကောင်းသတင်းမီဒီယာ
https://www.facebook.com/mogaungnews.media
နွားအားရှောင်ကွင်းမောင်းနှင်စဉ် ဆိုင်ကယ်တိမ်းမှောက်ရာမှ ကားကြိတ်မိ၍ ဆိုင်ကယ်စီးနင်းသူ ပွဲချင်းပြီးသေဆုံး နွားအားရှောင်ကွင်းမောင်းနှင်စဉ် ဆိုင်ကယ်တိမ်းမှောက်ရာမှ ကားကြိတ်မိ၍ ဆိုင်ကယ်စီးနင်းသူ ပွဲချင်းပြီးသေဆုံး Reviewed by THITHTOOLWIN on 10:05 Rating: 5
Powered by Blogger.