တာချီလိတ်-ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီး ပန်ကွဲတောင် အဆင်းတွင် ဘိလပ်မြေအိတ်များ တင်ဆောင်လာသည့် ၁၀ ဘီးယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ထိုးကျတိမ်းမှောက်


တာချီလိတ် မေ ၁၂

မေ ၁၂ ရက် နံနက်အစောပိုင်းက တာချီလိတ်-ကျိုင်းတုံ ပြည်ထောင်စု လမ်းမကြီး ပန်ကွဲတောင် အဆင်းတွင် ဘိလပ်မြေအိတ်များ တင်ဆောင် လာသည့် ၁၀ ဘီးယာဉ်တစ်စီးအရှိန်မထိန်းနိုင်ဘဲ ထိုးကျတိမ်းမှောက်ခဲ့ သည့် အတွက် ယာဉ်မှာ ဆိုးရွားစွာပျက်စီးသွားခဲ့သော်လည်း ယာဉ်မောင်းဖြစ်သူမှာ ကံကောင်းထောက်မစွာဖြင့် အသက်ဘေးမှ လွတ်မြောက်သွားခဲ့သည်။

ဖြစ်စဉ်မှာ တာချီလိတ်မြို့ဖက်မှ ကျိုင်းတုံမြို့ဖက်သို့ ဘိလပ်မြေအိတ်များ တင်ဆောင်လာသည့် ကုန်တင်ယာဉ် ကျိုင်းတုံမြို့နယ် ပန်ကွဲတောင် အဆင်းတွင် အရှိန်မထိန်းနိုင်ဘဲ ထိုးကျတိမ်းမှောက်သွားခဲ့ရာ ယာဉ်တစ်စီး လုံး ဆိုးရွားစွာ ပျက်စီးသွားခဲ့ပြီး ယာဉ်အား မောင်းနှင်သူ သားထွေး (၂၇ နှစ်)မှာမူ ကံကောင်းထောက်မစွာ ပွန်းပဲဒဏ်ရာများသာရရှိခဲ့သည်။


ယာဉ်တိမ်းမှောက်ရာသို့ တာဝန်ရှိသူများ၊ လူမှုကူညီရေးအသင်းအဖွဲ့များမှ အချိန်နှင့်တစ်ပြေးညီ အလျင်အမြန်လာရောက်ကာ ကူညီကယ်ဆယ်ရေး လုပ်ငန်းများအား ဆောင်ရွက်ပေးကြကာ သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်အား အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပြီး အဆိုပါ ပန်ကွဲတောင် အဆင်းသည် အဆင်းရှည်သည့်အတွက် မကြာခဏ ယာဉ်မတော်တဆမှုများဖြစ်ပွားကာ အသက်အန္တရာယ်ဆုံးရှုံးမှုများ အများအပြားဖြစ်ပေါ်ခဲ့သည့်နေရာဖြစ်သည့်အတွက် မော်တော်ယာဉ်မောင်းနှင်သူများ အထူးဂရုစိုက်မောင်းနှင်ရန် လိုအပ်ကြောင်း သိရှိရသည်။

မောင်ယာဉ်ကျေး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
တာချီလိတ်-ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီး ပန်ကွဲတောင် အဆင်းတွင် ဘိလပ်မြေအိတ်များ တင်ဆောင်လာသည့် ၁၀ ဘီးယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ထိုးကျတိမ်းမှောက် တာချီလိတ်-ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီး ပန်ကွဲတောင် အဆင်းတွင် ဘိလပ်မြေအိတ်များ တင်ဆောင်လာသည့် ၁၀ ဘီးယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ထိုးကျတိမ်းမှောက် Reviewed by THITHTOOLWIN on 21:50 Rating: 5
Powered by Blogger.