အိန္ဒိယရုပ်ရှင်မင်းသမီး ရိုဟင်ဂျာကလေးတွေကို တွေ့ဆုံ


ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ UNICEF ရဲ့ ဂုဏ်ထူးဆောင်သံအမတ်ကြီးတစ်ဦးဖြစ်တဲ့ အိန္ဒိယ ရုပ်ရှင်မင်းသမီး ပရီယန်ကာ ချော်ပရာ-က ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာရှိတဲ့ ရိုဟင်ဂျာကလေးတွေကို မနေ့က သွားပြီးတွေ့ဆုံလေ့လာခဲ့ပါတယ်။

သူတွေ့ကြုံခဲ့ရတဲ့ အခြေအနေနဲ့ပတ်သက်လို့ မင်းသမီး ချော်ပရာက - သူ့အနေနဲ့ ကလေးတွေအတွက်လာတာသာဖြစ်တယ်၊ အခုလို နိုင်ငံရေးအရ ရှုပ်ထွေးလှတဲ့ကိစ္စတွေကို ထင်မြင်ချက်ပေးဖို့ သူ့အနေနဲ့ ငယ်သေးတယ်လို့ခံစားရတယ်၊ နိုင်ငံရေးကစားကွက်တွေကို ယုံကြည်တဲ့သူထဲမှာ သူမပါဝင်ဘူး၊ အဲဒါဟာ အမုန်းတရားတွေကိုပဲ ပိုပြီးဖြစ်စေလိမ့်မယ်၊ သူလုပ်ကိုင်နေတာ လူသားတွေအတွက်ပဲလို့ ခံစားနားလည်ပေးပါလို့ သတင်းထောက်တွေကို ပြောပါတယ်။

မြန်မာနိုင်ငံကနေ ထွက်ပြေးသွားတဲ့သူ ၇ သိန်းနီးပါးမှာ ၆ဝ ရာခိုင်နှုန်းလောက်က ကလေးတွေဖြစ်တယ်လို့ ကုလသမဂ္ဂအဖွဲ့အစည်းတွေက ပြောထားပါတယ်။ ဒါ့အပြင် တစ်နေ့ကို ကလေးအယောက် ၆ဝ လောက် မွေးဖွားနေတယ်လို့ ဆိုပါတယ်။

ကလေးအများစုက မိဘမဲ့တွေဖြစ်နေပြီး၊ သူတို့ဟာ သူတို့ရဲ့ အမိအဖဆွေးမျိုးသားချင်းတွေ ရိုက်နှက်သတ်ဖြတ်ခံရ၊ မုဒိန်းကျင့်ခံရတဲ့ မြင်ကွင်းတွေ ကိုယ်တိုင်မြင်ထားဖူးတဲ့သူတွေဖြစ်နေသလို၊ တချို့က သူတို့ကိုယ်တိုင် ဒဏ်ရာရခဲ့ကြတဲ့သူတွေဖြစ်တယ်လို့ UNICEF က ပြောဆိုထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
အိန္ဒိယရုပ်ရှင်မင်းသမီး ရိုဟင်ဂျာကလေးတွေကို တွေ့ဆုံ အိန္ဒိယရုပ်ရှင်မင်းသမီး ရိုဟင်ဂျာကလေးတွေကို တွေ့ဆုံ Reviewed by THITHTOOLWIN on 22:25 Rating: 5
Powered by Blogger.