၂၂ ဘီးယာဉ် အရှိန်လွန်တိမ်းမှောက်မှု ပဲခူးဘုရားလေးတွင် ဖြစ်ပွား


ပဲခူး မေ ၁၃

ပဲခူးမြို့နယ် ဘုရားလေးကျေးရွာအနီး ၌ မေ ၁၂ ရက် ညနေ ၆ နာရီခန့် က ရန်ကုန်-မန္တလေး လမ်းဟောင်း အတိုင်း တောင်မှမြောက်သို့ မောင်းနှင် လာသော ၂၂ ဘီးထွေလာကုန်တင် ယာဉ်သည် ရှေ့မှသွားနေသော ယာဉ်ကို အရှိန်ဖြင့်ကျော်တက်ရာမှ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရ သည်။

ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ဘုရားကြီးနယ်မြေ ရဲစခန်းမှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ သက်ကို (၂၁)နှစ် မာလာမြိုင်ရပ်ကွက် ပန်းတောင်းမြို့နယ်နေသူ မောင်းနှင် သည့် ၂၂ ဘီး ကုန်တင်ယာဉ်သည် အခင်းဖြစ်ပွားသည့် မိုင်တိုင် (၆၂/၃) နှင့် (၄)အကြား ရှေ့မှမောင်းနှင် သည့်ယာဉ်ကိုကျော်တက်စဉ် အရှိန် လွန် တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ပြီး ယာဉ်တိမ်းမှောက်စဉ် ကတ္တရာလမ်း ဖြင့် ပွတ်တိုက်မှုကြောင့် ရှေ့ဦးခေါင်း ပိုင်း မီးလောင်ကျွမ်းခဲ့ရာ ဘုရားကြီး မြို့ မီးသတ်တပ်ဖွဲ့မှ မီးသတ်တပ်ဖွဲ့ ဝင်များ ရောက်ရှိငြှိမ်းသတ်ခဲ့ရ ကြောင်းနှင့် ဘုရားကြီးနယ်မြေ ရဲစခန်းက အရေးယူဆောင်ရွက်ထား ကြောင်း သိရသည်။

ကိုလွင်(ဆွာ)
The Mirror Daily
https://www.facebook.com/TheMirrorDaily/
၂၂ ဘီးယာဉ် အရှိန်လွန်တိမ်းမှောက်မှု ပဲခူးဘုရားလေးတွင် ဖြစ်ပွား ၂၂ ဘီးယာဉ် အရှိန်လွန်တိမ်းမှောက်မှု ပဲခူးဘုရားလေးတွင် ဖြစ်ပွား Reviewed by THITHTOOLWIN on 10:55 Rating: 5
Powered by Blogger.