အိန္ဒိယအနေနဲ့ မြန်မာနိုင်ငံကို သူ့နိုင်ငံသားတွေကို ပြန်ခေါ်ဖို့ ဖိအားပေးပါလို့ ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်ပြော


အိန္ဒိယနိုင်ငံကို ရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာဆီနာက အပြည်ပြည်ဆိုင်ရာ အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်နေတဲ့ သိန်းနဲ့ ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို မြန်မာနိုင်ငံက ပြန်လက်ခံဖို့ ၀ိုင်းဝန်းဖိအားပေးဖို့ တောင်းဆိုလိုက်သလို အိန္ဒိယ၀န်ကြီးချုပ် နဟိန်ဒရာ မိုဒီကိုလည်း ပြောဆိုလိုက်ပါတယ်။

Kokata အရှေ့ဘက်ကို အသွား ဘင်္ဂလာဒေ့ရှ် ၀န်ကြီးချုပ်က ဟာ အိန္ဒိယ၀န်ကြီးချုပ်နဲ့ တွေ့ဆုံခဲ့ ပါတယ်။ ရှိတ်ဟာဆီနာက အိန္ဒိယအနေနဲ့ မြန်မာနိုင်ငံကို သူ့နိုင်ငံသားတွေကို ပြန်ခေါ်ဖို့ ဖိအား ပေးပါလို့ ပြောပါတယ်။

အလားတူ အနောက် ဘင်္ဂလားဒေ့ရှ် တက္ကသိုလ်တစ်ခုမှာ ဟောပြောရာမှာ မိမိတို့ တိုင်းပြည်အနေနဲ့ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံမဟုတ်ပေမယ့် ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို လူသားချင်းစာနာထောက်ထားတဲ့ အခြေခံနဲ့ နေထိုင်စားသောက်ခွင့် ပေးထားပါတယ်။ ဒါပေမဲ့ သူတို့ ကိုယ့်နေရပ်ကိုတော့ ကိုယ်ပြန်ရပါလိမ့်မယ်လို့ ဆိုပါတယ်။ ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံမှာ ခွဲခြားခံနေရပါတယ်။ သူတို့ရဲ့ အခြေခံအခွင့်အရေးတွေလည်း ပျောက်ဆုံးနေပါတယ်။ အပြည်ပြည်ဆိုင်ရာ အနေနဲ့ မြန်မာကို ဖိအားပေးဖို့ လိုတယ်လို့ လည်းပြောပါတယ်။

ခုလို ဘင်္ဂလာဒေ့ရှ်ဝန်ကြီးချုပ် တက္ကသိုလ်မှာ ဟောပြောနေစဉ် အိန္ဒိယ ၀န်ကြီးချုပ် မိုဒီလည်း ရှိနေတာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
အိန္ဒိယအနေနဲ့ မြန်မာနိုင်ငံကို သူ့နိုင်ငံသားတွေကို ပြန်ခေါ်ဖို့ ဖိအားပေးပါလို့ ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်ပြော အိန္ဒိယအနေနဲ့ မြန်မာနိုင်ငံကို သူ့နိုင်ငံသားတွေကို ပြန်ခေါ်ဖို့ ဖိအားပေးပါလို့ ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်ပြော Reviewed by THITHTOOLWIN on 11:24 Rating: 5
Powered by Blogger.