မြိတ်တွင် ဆိုင်ကယ်ဖြင့် လက်ကိုင်အိတ်လုယက်သူများအား ဖမ်းဆီးရမိ


8.5.2018

မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု၊ ရေပုန်းနယ်မြေ၊ တက္ကသိုလ်ရပ်၊ စပါးရွှေဝါလမ်းတွင် မေလ ၈ ရက်နေ့ ၊ နံနက်ပိုင်းက ဆိုင်ကယ်ဖြင့် လက်ကိုင်အိတ်လုယက်သူများအား ဖမ်းဆီးရမိကြောင်း သိရပါတယ်။

ရေပုန်းနယ်မြေ၊ စပါးရွှေဝါလမ်း၊ ပါရမီနာရေးကူညီမှုအသင်းရုံးရှေ့တွင် မစုစုထွေးမောင်နှင်ပြီး နောက်တွင် ဒေါ်နွယ်နီမြင့် လိုက်ပါလာတဲ့ ရွှေလိုင်းဆိုင်ကယ်သည် တက္ကသိုလ်ရပ်၊ စပါးရွှေဝါလမ်းအရောက်တွင် နောက်မှ click i ဆိုင်ကယ်ဖြင့် သိန်းဇော်၊မောင်းနှင်ပြီး နောက်တွင် အောင်မိုးသူ(ခ)မိုးဒီ လိုက်ပါလာတဲ့ဆိုင်ကယ်မှ ဒေါ်နွယ်နီမြင့်ရဲ့ လက်ကိုင်အိတ်အားလုယူပြီး မောင်းနှင်ထွက်ပြေးရန်ကြိုးစားစဉ် ဒေါ်နွယ်နီမြင့်မှ လက်ကိုင်အိတ်အားပြန်ဆွဲသဖြင့် သိန်းဇော်မောင်းနှင်သည့်ဆိုင်ကယ်တိမ်းမှောက်ပီး ပတ်ဝန်းကျင်မှ လုယက်သူများအား ဖမ်းဆီးပေးခဲ့ကြောင်း သိရပါတယ်။

လုယက်မှုကျူးလွန်သူ သိန်းဇော်(၁၇)နှစ်၊ဇေယျာသီရိ(၁)ရပ်ကွက်နေသူနှင့် အောင်မိုးသူ(ခ)မိုးဒီ(၁၆)နှစ်၊ဇေယျာသီရိ(၁)ရပ်ကွက်နေသူတို့အား မြိတ်မြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၈၂ ဖြင့် အရေးယူထားကြောင်းသိရပါတယ်။

မြတ်ထွဋ် (မြိတ်)
Myat Htut - Myeik
မြိတ်တွင် ဆိုင်ကယ်ဖြင့် လက်ကိုင်အိတ်လုယက်သူများအား ဖမ်းဆီးရမိ မြိတ်တွင် ဆိုင်ကယ်ဖြင့် လက်ကိုင်အိတ်လုယက်သူများအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 16:55 Rating: 5
Powered by Blogger.