မြန်မာပိုင်နက်အတွင်း မြေမြှုပ်မိုင်းနင်းမိမှုကြောင့် ထိုင်းကလေးငယ် သေဆုံး


ထိုင်း-မြန်မာနယ်စပ်က မြန်မာပိုင်နက်ထဲမှာ ဒီကနေ့ မနက်ခင်းက မှိုသွားခူးရင်း မြေမြှုပ်မိုင်း နင်းမိတဲ့အတွက် အသက် ၈ နှစ်အရွယ် ထိုင်းနိုင်ငံသား ယောင်္ကျားလေးတစ်ဦး သေဆုံးပြီး၊ အသက် ၁၃ နှစ်အရွယ် မြန်မာယောင်္ကျားလေးတစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိသွားတယ်လို့ ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်း တက်ခ်ခရိုင်ထဲက ဖော့ဖရားမြို့နယ်ထဲမှာ ဖြစ်ပွားခဲ့တာလို့ ထိုင်းရဲတွေက ပြောပါတယ်။ အဲဒီမြေမြှုပ်မိုင်းတွေဟာ ဒီကေဘီအေ လက်နက်ကိုင်အဖွဲ့က ထောင်ထားတာ ဖြစ်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံဘက်မှာ မှိုတွေဈေးကောင်းရတဲ့အတွက် မြဝတီနယ်စပ်ကနေ ဖြတ်ကျော်ပြီး မြန်မာဘက်ခြမ်းမှာ မှိုသွားခူးတဲ့ ၁၂ ယောက်ပါ အုပ်စုထဲက မိုင်းနင်းမိပြီး အခုလို ထိခိုက်သေဆုံးမှုတွေ ဖြစ်ပွားခဲ့ရတာလို့ ထိုင်းရဲတွေက ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
မြန်မာပိုင်နက်အတွင်း မြေမြှုပ်မိုင်းနင်းမိမှုကြောင့် ထိုင်းကလေးငယ် သေဆုံး မြန်မာပိုင်နက်အတွင်း မြေမြှုပ်မိုင်းနင်းမိမှုကြောင့် ထိုင်းကလေးငယ် သေဆုံး Reviewed by THITHTOOLWIN on 09:02 Rating: 5
Powered by Blogger.