ကမာရွတ်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် (၁၀) နှစ်အရွယ်ရှိ မိန်းကလေးငယ်အား မုဒိမ်းမှုကျူးလွန်ပြီး လူသတ်မှုကိုပါ ထပ်မံကျူးလွန်ခဲ့သူ တရားခံအား သေဒဏ်အမိန့်ချမှတ်
ရန်ကုန်၊ မေလ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ဟံသာဝတီဘူတာနှင့် လှည်းတန်းဘူတာကြားရှိ ရထားသံလမ်း ပေါ်တွင် အသက် (၁၀) နှစ်အရွယ် မိန်းကလေးတစ်ဦးအား မုဒိမ်းမှု ကျူးလွန်၍ လူသတ်မှုကိုပါ ကျူးလွန်ခဲ့သူ တရားခံအား အနောက်ပိုင်းခရိုင်တရားရုံးမှ သေဒဏ်အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၄.၁၁.၂၀၁၆ ရက်နေ့က ဒေါ်------ သည် ကမာရွတ်မြို့နယ်၊ လှည်းတန်းဂုံးကျော် တံတားအောက်တွင် ပန်းရောင်းနေစဉ် ညီမ၏ခင်ပွန်းဖြစ်သူ တောင်းရမ်းစားသောက်သည့် ကျော်အောင် (ခ)ကျော်ကြီး(ခ)ပြာကလောင် ရောက်ရှိလာပြီး ၄င်းတစ်ဦးတည်း ပိုက်ဆံတောင်းရမ်းရသည်မှာ အဆင်မပြေ သဖြင့် သမီးဖြစ်သူ မ ------(၁၀) နှစ်အား ၄င်းနှင့်အတူ ထည့်ပေးရန် ပြောဆိုခဲ့သဖြင့် သမီးဖြစ်သူအား ထည့်ပေးလိုက်ကြောင်း၊ ညနေ ၁၉း၄၅နာရီ အချိန်တွင် ကျော်အောင်(ခ)ကျော်ကြီး (ခ) ပြာကလောင်မှာ ပြန်လည်ရောက်ရှိလာသော်လည်း သမီးဖြစ်သူမှာ ပြန်လည်ရောက်ရှိခြင်းမရှိသဖြင့် လိုက်လံရှာဖွေခဲ့ရာ ဟံသာဝတီဘူတာနှင့် လှည်းတန်းဘူတာကြားရှိ ရထားသံလမ်းပေါ်တွင် လည်ပင်းပြတ်ရှဒဏ်ရာဖြင့် သေဆုံး နေသည်ကို တွေ့ရှိရသဖြင့် ကမာရွတ်မြို့မရဲစခန်း (ပ) ၆၄၁/ ၂၀၁၆ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်သူအား စုံစမ်းဖော်ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန်သူတရားခံမှာ ကျော်အောင် (ခ) ကျော်ကြီး(ခ)ပြာကလောင်ဆိုသူဖြစ်ပြီး လူသတ်မှုအပြင် မုဒိမ်းမှုကိုပါ ကျူးလွန်ခဲ့ကြောင်းစစ်ဆေး
ပေါ်ပေါက် ခဲ့သဖြင့် အနောက်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ၁၁.၅.၂၀၁၈ ရက်နေ့တွင် အနောက်ပိုင်းခရိုင် တရားရုံးမှ တရားခံကျော်အောင် (ခ) ကျော်ကြီး(ခ) ပြာကလောင်အားသေဒဏ်အမိန့် ချမှတ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Yangon Police
https://www.facebook.com/yangonpolice
ကမာရွတ်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် (၁၀) နှစ်အရွယ်ရှိ မိန်းကလေးငယ်အား မုဒိမ်းမှုကျူးလွန်ပြီး လူသတ်မှုကိုပါ ထပ်မံကျူးလွန်ခဲ့သူ တရားခံအား သေဒဏ်အမိန့်ချမှတ်
Reviewed by THITHTOOLWIN
on
18:09
Rating:
