ဟားခါးမြို့ ဈေးသစ်ရပ်ကွက်၌ နေအိမ် (၃) လုံး မီးလောင်မှုဖြစ်ပွား၊ လူ(၃) ဦးသေဆုံး (နောက်ဆက်တွဲ သတင်း အပြည့်အစုံ)


ဟားခါး မေ ၃၁

ဟားခါးမြို့ ဈေးသစ်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၌ ယနေ့ နံနက် ၁ နာရီ ၄၅ မိနစ် အချိန်ခန့်က နေအိမ် (၃) လုံး မီးလောင်မှု ဖြစ်ပွားရာ လူ(၃) ဦး သေဆုံးခဲ့ သည်။

ဖြစ်စဉ်မှာ အိမ်ရှင် ဒေါ်ဝေကျဲမ်း၏ ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး (၂) ထပ် နေအိမ် မီးဖို မီးကြွင်းမီးကျန်မှ တစ်ဆင့် မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း၊ မီးလောင် မှုကြောင့် အိမ်ရှင် ဒေါ်ဝေကျဲမ်း(၉၀)နှစ်၊ ဒေါ်ဗန်ဘွေဇီး (၄၅) နှစ် နှင့် ဒေါ်လှူငွာ (၈၂) နှစ်တို့မှာ မီးလောင်သေဆုံးခဲ့ပြီး ဒေါ်ခင်လေးဆွေ (၄၅) နှစ်မှာ လက်နှစ်ဖက်နှင့် မျက်နှာ အနည်းငယ် မီးဟပ်ဒဏ်ရာရရှိခဲ့သည်။


မီးလောင်မှု ဖြစ်ပွားရာ နေရာသို့ ဟားခါး ခရိုင်/မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်း သတ်ယာဉ် (၅) စီး၊ ရေသယ်ယာဉ် (၃) စီး၊ စည်ပင်သာယာရေးမှ ရေသယ်ယာဉ် (၂) စီး၊ အုပ်ချုပ်မှု ယာဉ် (၂) စီး၊ စုစုပေါင်း (၁၀) စီးနှင့် အတူ မီးသတ်တပ်ဖွဲ့ဝင် (၅၅) ဦး ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၅) ဦး၊ ဟားခါး အခြေချ စစ်ဗျူဟာမှ တပ်ဖွဲ့ဝင် (၃၀) ဦး၊ ရပ်ကွက်နေ ပြည်သူ များက ရေဂါလန် (၁၂၀၀၀၀) ခန့် အသုံးပြု၍ ဝိုင်းဝန်း မီးငြှိမ်းခဲ့ရာ နံနက် ၃ နာရီခွဲအချိန်တွင် မီးငြိမ်းခဲ့သည်။

အဆိုပါနေရာသို့ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စစ်ဗျူဟာ (အခြေချ) ဟားခါးမှ စစ်ဗျူဟာမှူးနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းနှင့်မီးလောင်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ အိမ်ရှင် ဒေါ်ဝေကျဲမ်းအား ဟားခါးမြို့ နယ် ရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ဟားခါးမြို့ ဈေးသစ်ရပ်ကွက်၌ နေအိမ် (၃) လုံး မီးလောင်မှုဖြစ်ပွား၊ လူ(၃) ဦးသေဆုံး (နောက်ဆက်တွဲ သတင်း အပြည့်အစုံ) ဟားခါးမြို့ ဈေးသစ်ရပ်ကွက်၌ နေအိမ် (၃) လုံး မီးလောင်မှုဖြစ်ပွား၊ လူ(၃) ဦးသေဆုံး (နောက်ဆက်တွဲ သတင်း အပြည့်အစုံ) Reviewed by THITHTOOLWIN on 19:45 Rating: 5
Powered by Blogger.