နိုင်ငံအချုပ်အခြာအာဏာ မထိခိုက်စေဖို့ ဆိုရှယ်မီဒီယာကို စောင့်ကြည့်တာဖြစ်ကြောင်း အမြဲတမ်းအတွင်းဝန် ပြော

ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်ကို ၂၀၁၈ ခုနှစ်၊ မေလ ၂၁ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ်/ Photo: Win Ko Ko Latt/ RFA
ဆိုရှယ်မီဒီယာစောင့်ကြည့်ရေးဟာ နိုင်ငံအချုပ်အခြာအာဏာကို မထိခိုက်စေဖို့ လုပ်ဆောင်တာဖြစ်တယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က ပြောပါတယ်။

နေပြည်တော်က ပြန်ကြားရေးဝန်ကြီးဌာနမှာ အစိုးရရဲ့ ဒုတိယတစ်နှစ်တာကာလ လုပ်ဆောင်ချက် သတင်းစာ ရှင်းလင်းပွဲမှာ အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က ဆိုရှယ်မီဒီယာစောင့်ကြည့်ရေး လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။

ပြည်သူတွေကို စောင့်ကြည့်ဖို့ အစီအစဉ်မရှိဘူးလို့လည်း ဦးဝင်းခန့်က ပြောပါတယ်။

ဆိုရှယ်မီဒီယာစောင့်ကြည့်ရေးအဖွဲ့ SMMT ကို ၂ဝ၁၇ ခုနှစ်၊ အောက်တိုဘာလအတွင်းက ဂန့်ဂေါမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်ရဲ့ အဆိုကို အခြေပြုပြီး ဖွဲ့စည်းတာလို့ သိရပါတယ်။

အဲဒီအတွက် လိုအပ်တဲ့ ပစ္စည်းကိရိယာတွေကို ဝယ်ယူဖို့အပါအဝင် ကျပ်သန်း ၆၄၂၆ သန်းကို သုံးစွဲခဲ့တယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်က လွှတ်တော်မှာ ပြောကြားထားပါတယ်။

ဒါ့အပြင် Cyber Law ကိုလည်း နိုင်ငံတကာနဲ့ ပြည်တွင်းကျွမ်းကျင်သူတွေ ညှိနှိုင်းရေးဆွဲနေတယ်လို့လည်း သိရပါတယ်။

RFA Burmese
https://www.rfa.org/burmese
နိုင်ငံအချုပ်အခြာအာဏာ မထိခိုက်စေဖို့ ဆိုရှယ်မီဒီယာကို စောင့်ကြည့်တာဖြစ်ကြောင်း အမြဲတမ်းအတွင်းဝန် ပြော နိုင်ငံအချုပ်အခြာအာဏာ မထိခိုက်စေဖို့ ဆိုရှယ်မီဒီယာကို စောင့်ကြည့်တာဖြစ်ကြောင်း အမြဲတမ်းအတွင်းဝန် ပြော Reviewed by THITHTOOLWIN on 18:45 Rating: 5
Powered by Blogger.