မုံရွာ၊ မေ ၂၁၊ ၂၀၁၈။
နေပြည်တော်
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပြီး ၀န်ကြီးအသစ်ဖြစ်လာမည့် ဗိုလ်မှူးကြီးသန်းထွန်းအောင်သည် ယနေ့ မေလ ၂၁ ရက်က ပြုလုပ်သော တိုင်းဒေသကြီးလွှတ်တော် ၁၄ကြိမ်မြောက်အစည်းအဝေး၌ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြောင်း သိရသည်။
ယခင် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးကျော်သန့်နိုင်အစား ဗိုလ်မှူးကြီးသန်းထွန်းအောင်ကို တာဝန်ပေးရန် ၀န်ကြီးချုပ်ဒေါက်တာမြင့်နိုင်က လွှတ်တော်တွင် အမည်စာရင်းတင်သွင်းခဲ့ပြီး ကန့်ကွက်သူမရှိ အတည်ပြုပေးခဲ့ကြသည်။
နယ်လုံဝန်ကြီးအသစ် ဗိုလ်မှူးကြီး သန်းထွန်းအောင်သည် ရခိုင်လူမျိုးဖြစ်ပြီး မဟာဝိဇ္ဇာဘွဲ့(ကာကွယ်ရေးပညာ)ဘွဲ့ရဖြစ်ကာ ဇနီးနှင့်သမီးတစ်ဦးရှိကြောင်း စစ်မှုထမ်းသက်၂၄နှစ်အတွင်း ပဲခူးတိုင်း၊ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းအရှေ့ ၊ရှမ်းမြောက်၊ တနသာင်္ရီတို့တွင် တပ်စုမှူးမှ စစ်ဗျူဟာမှူးထိ တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့သည်မှာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(ခန္တီး)စစ်ဗျူဟာမှူး ဖြစ်သည်။
နယ်လုံဝန်ကြီးအသစ်သည် ဒေသအကျိုးတွက် များစွာ ထမ်းဆောင်နိုင်မည့်သူဖြစ်ရန် မျှော်လင့်ပြီး ယခင်နယ်လုံဝန်ကြီးထက် ဆက်ဆံရေး ပိုမိုပြေပြစ်မည့်သူ ဖြစ်နိုင်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက မှတ်ချက်ပေးကြပြီး ၀န်ကြီးချုပ်ဒေါက်တာမြင့်နိုင်ကမူ သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့ခြင်း မရှိခဲ့ပေ။
စစ်ကိုင်းတိုင်းဒေသကြီးတွင် အစိုးရသက်တမ်း ၂ ဆက်အတွင်း နယ်လုံဝန်ကြီး ၃ဦးပြောင်းလဲ ခန့်အပ်ခဲ့ပြီးလည်း ဖြစ်သည်။
Central News Myanmar
https://www.facebook.com/CNMyanmar
စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ နယ်လုံဝန်ကြီးအသစ် ပြောင်းလဲ ခန့်အပ်
Reviewed by THITHTOOLWIN
on
18:35
Rating:
