ခွေးကယ်ဖို့ ရေကန်ထဲ ခုန်ဆင်းတဲ့ သမ္မတကတော်

ဘရာဇီးသမ္မတကတော် မာဆယ်လာတာလ်မဲ
ဘရာဇီးသမ္မတ ကတော် မာဆယ်လာ တာလ်မဲ ဟာ သူ့အချစ်တော်ခွေးကို ကယ်ဖို့ကြိုးစားရင်း သမ္မတ နန်းတော်ထဲက ရေကန်ထဲကို ခုန်ဆင်းခဲ့ပါတယ်။

ရေကန်ထဲက ဘဲတွေနောက်ကို သူ့ခွေးက ခုန်ချလိုက်ကူးသွားချိန်မှာ သမ္မတကတော်နဲ့ သူ့ရဲ့ သားဖြစ်သူတို့ ရေကန်ဘေးမှာ လမ်းလျှောက်နေကြတာပါ။

သမ္မတကတော် အနားမှာရှိတဲ့ ဝန်ထမ်းက ခွေးကိုဆင်းမဆယ်ခဲ့တာကြောင့် မစ္စတာလ်မဲ ကိုယ်တိုင် ခွေးကိုဆင်းကယ်ခဲ့တာလို့ ဘရာဇီးမီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။
အချစ်တော်ခွေးနဲ့အတူတွေ့ရတဲ့ မစ္စတာလ်မဲ
အခုတော့ သမ္မတ ကတော်ကို စောင့်ရှောက်မှုပျက်ကွက်ခဲ့မှုနဲ့ သမ္မတကတော်နားက ဝန်ထမ်းအမျိုးသမီးကို အလုပ်က ထုတ်လိုက်ပြီလို့ သတင်းရရှိပါတယ်။

ဗြိတိန်နိုင်ငံရဲ့ တိရစ္ဆာန်ဆိုင်ရာ လူမှုဖူလုံရေး အဖွဲ့အစည်းကတော့ လူတွေအနေနဲ့ ရေနစ်နေတဲ့ တိရစ္ဆာန်တွေကို ကိုယ်တိုင်ရေထဲဆင်းပြီးကယ်တာဟာ အန္တရာယ်ရှိတယ်လို့ ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
ခွေးကယ်ဖို့ ရေကန်ထဲ ခုန်ဆင်းတဲ့ သမ္မတကတော် ခွေးကယ်ဖို့ ရေကန်ထဲ ခုန်ဆင်းတဲ့ သမ္မတကတော် Reviewed by THITHTOOLWIN on 17:03 Rating: 5
Powered by Blogger.