တာချီလိတ် မေ ၂၃
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် ယနေ့ နံနက်ပိုင်းက မယ်ယန်းဘက်မှ တာချီလိတ်ဘက်သို့ အမည်မသိ ယာဉ်မောင်းတစ်ဦး မောင်းနှင် လာသည့် အဖြူရောင် မတ်တူးကားတစ်စီးသည် ဗျူဟာကုန်း အဆင်း၌ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးထိုးကျသွားကာ မီးလောင် ပျက်စီးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ ကားမီးလောင်နေမှုကို မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် တာဝန်ရှိသူတို့က ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ပြီး လမ်းဘေးပလက်ဖောင်း အနည်းငယ် ကျိုးပဲ့ပျက်စီးသည်မှအပ တစ်စုံတစ်ဦး သေဆုံးထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းမရှိ ဘဲ ၎င်းဖြစ်စဉ်နှင့်စပ်လျဉ်း၍ တာချီလိတ် မြို့မရဲစခန်းက စုံစမ်း စစ်ဆေးနေကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
တာချီလိတ်မြို့၌ မော်တော်ယာဉ်တစ်စီး အရှိန်လွန်ကာ လမ်းဘေးထိုးကျ၍ မီးလောင်ပျက်စီး
Reviewed by THITHTOOLWIN
on
15:54
Rating:
