လင်းနို့တွေကနေ အဓိကဖြစ်တဲ့ ဗိုင်းရပ်စ်တမျိုးကြောင့် အိန္ဒိယနိုင်ငံတောင်ပိုင်းမှာ လူ သုံးယောက်ထက်မနည်း သေဆုံးသွားလို့ ပြည်နယ်အနှံ့ မနေ့က သတိပေးချက်ထုတ်ပြန်ရပါတယ်။
Kerala ပြည်နယ်က သေဆုံးသွားတဲ့ လူ ၈ ယောက် ကို စစ်ဆေးကြည့်တဲ့ အခါ Nipah ဗိုင်းရပ်စ်နဲ့ ဆက်စပ်တဲ့အလားအလာရှိတာမို့ သတိနဲ့ နေကြထိုင်ကြဖို့နဲ့ ကျန်းမာရေးဌာနက ညွှန်ကြားတာတွေကို လိုက်နာဖို့ ပြည်နယ်ဝန်ကြီးချုပ်က လူထုကို တိုက်တွန်းပါတယ်။
အစိုးရဓာတ်ခွဲခန်းတွေက စစ်ဆေးကြည့်တဲ့အခါ Nipah ဗိုင်းရပ်စ်ကြောင့် လူ သုံးဦးသေဆုံးရတယ်လို့ အတည်ပြုပါတယ်။ ကျန်တဲ့လူတွေ သေဆုံးရတဲ့ အကြောင်းရင်းကို စစ်ဆေးကြည့်မှ အတည်ပြုနိုင်မယ်လို့ ဆိုပါတယ်။
သေဆုံးသူတွေဟာ Calicut ခရိုင်ကချည်းပဲ ဖြစ်ပြီး လူတေတွေ အထိတ်တလန့်ဖြစ်နေပြီလို့ ဒေသခံ နိုင်ငံရေးသမားတယောက်က အစီရင်ခံပြီးတဲ့နောက် ဆေးဝါးဆိုင်ရာ ကျွမ်းကျင်သူတွေကို ကျန်းမာရေးဝန်ကြီးက အမြန်စေလွှတ်လိုက်ပါတယ်။
သေဆုံးသွားသူတွေထဲ သစ်သီးကောက်စားတဲ့ ညီအစ်ကိုမောင်နှမ နှစ်ယောက်ပါပြီး သူတို့ကို ပြုစုပေးတဲ့ လက်ထောက်သူနာပြုတယောက် မနေ့က သေဆုံးသွားတဲ့အပြင် သူတို့ဖခင်ကိုလည်း ဆေးရုံတင်လိုက်ရပါတယ်။ သူတို့အိမ်က ရေတွင်းထဲမှာ အဲဒီ လင်းနို့တကောင်တွေ့ရပြီး ရေတွင်းကို ပိတ်ထားလိုက်ပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
လင်းနို့တွေက ဖြစ်တဲ့ ဗိုင်းရပ်စ်ကြောင့် လူ ၃ ဦးသေဆုံး
Reviewed by THITHTOOLWIN
on
08:52
Rating:
