ကျူးဘား ပျက်ကျ လေယာဉ်ရဲ့ black box တွေ့ရှိထား

ကျူးဘားနိုင်ငံတွင်း လေယာဉ်ပျက်ကျမှု
ကျူးဘားနိုင်ငံမှာ မေလ ၁၈ ရက်နေ့က ခရီးသည်တင်လေယာဉ်တစ်စီး ပျက်ကျခဲ့တဲ့ နေရာကို စုံစမ်းစစ်ဆေးရေး သမားတွေ သွားရောက် စစ်ဆေးနေချိန်မှာပဲ မေလ ၁၉ ရက်နေ့ မှာတော့ လေယာဉ် ပျံသန်းမှု အသေးစိတ်မှတ်တမ်း black box တစ်ခု တွေ့ရှိထားပြီလို့ စုံစမ်းရေးသမားတွေက ပြောပါတယ်။

ဒီ black box ဟာ ကောင်းနိုင်သေးတယ်လို့လည်း သူတို့က ပြောပါတယ်။

ဒီလေယာဉ်ပျက်ကျမှုကြောင့် လူပေါင်း တစ်ရာကျော် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

လေယာဉ်ဟာ ကျူးဘားနိုင်ငံ မြို့တော် ဟားဗားနားမြို့ကနေ ပျံတက်ပြီး မကြာခင်မှာ ပေါက်ကွဲပြီး လယ်ကွင်းတစ်ခုထဲကို ထိုးကျသွားခဲ့တာ ဖြစ်ပါတယ်။

လေယာဉ်ပေါ်မှာ ပါတဲ့ သူ ၃ ဦးပဲ အသက်ရှင် လွတ်မြောက်ခဲ့ပြီး အဲဒီ ၃ ဦးစလုံးဟာ သေလုမျောလုံး ဒဏ်ရာရရှိခဲ့ပါတယ်။

အခုလို လူအများအပြား သေဆုံးမှုကြောင့် ကျူးဘားနိုင်ငံမှာ ဝမ်းနည်းကြေကွဲခြင်း အထိမ်းအမှတ်နေ့ နှစ်ရက် ကျင်းပပြုလုပ်ခဲ့ပါတယ်။

နောက်ပြီး သေဆုံးသူတွေကို ဘယ်သူ ဘယ်ဝါ ဖြစ်ကြောင်း ခွဲခြားနေတဲ့ ရင်ခွဲရုံကိုကျူးဘား သမ္မတ သစ် မီဂဲလ် ဒီရက်စ် ကနဲ ကိုယ်တိုင် သွားရောက် ကြည့်ရူခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese
ကျူးဘား ပျက်ကျ လေယာဉ်ရဲ့ black box တွေ့ရှိထား ကျူးဘား ပျက်ကျ လေယာဉ်ရဲ့ black box တွေ့ရှိထား Reviewed by THITHTOOLWIN on 09:01 Rating: 5
Powered by Blogger.