AI အစီရင်ခံစာကို ယုံကြည်သူမရှိဟု ဘင်္ဂလားဒေ့ရှ် ဝန်ကြီးပြောဆို


နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာမွတ်ဆလင်တွေ ရခိုင်ပြည်နယ်ပြန်ပို့ရေးအတွက် မြန်မာအစိုးရနဲ့ ပြောဆို ဆွေးနွေးနေမှုကို တစုံတရာ ထိခိုက်မယ် မထင်ပါဖူးလို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Mahmood Ali မာမွတ် အလီက ဗုဒ္ဓဟူးနေ့ မနေ့က ပြောကြားလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ အာဆာ ARSA မွတ်ဆလင်အကြမ်းဖက်အဖွဲ့က ဟိန္ဒူကျေးရွာသား ၉၉ ဦးကို အစုအပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း AI က မေလ ၂၃ ရက်နေ့ မနေ့က အစီရင်ခံစာ ထုတ်ပြန်ခဲ့တာနဲ့ ပတ်သက်ပြီး သူက အခုလိုပြောကြားခဲ့တာပါ။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး က AI ရဲ့ ထုတ်ပြန်ချက်ဟာ ယုတ္တိကင်းမဲ့ပြီး ဘယ်သူကမှ ယုံကြည်မှာ မဟုတ်ပါဖူးလို့လည်း ဒါကာမြို့က သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
AI အစီရင်ခံစာကို ယုံကြည်သူမရှိဟု ဘင်္ဂလားဒေ့ရှ် ဝန်ကြီးပြောဆို AI အစီရင်ခံစာကို ယုံကြည်သူမရှိဟု ဘင်္ဂလားဒေ့ရှ် ဝန်ကြီးပြောဆို Reviewed by THITHTOOLWIN on 08:55 Rating: 5
Powered by Blogger.