NLD အမျိုးသားလွှတ်တော်အမတ်က အချိန်အခါမရှိ အမူးလွန်ပြီး အချုပ်ခန်းဝင်စစ်ဟုဆို


ဧပြီလ ၁၄ ရက်နေ့ ည ၁၀း၃၀ အချိန်ခန့်က ကျိုက်မရောမြို့မရဲစခန်းအချုပ်ခန်းသို့ ကျိုက်မရောမြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်ဦးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနမှ ဒုဦးစီးဖြစ်သူ ကိုလင်းကိုကိုတို့ဆိုသူနှစ်ဦး အရက်သေစာသောက်စားထားကာရောက်ရှိလာပြီးအချုပ်ကျအချုပ်သားများကိုအတင်းလှုပ်နိုးခိုင်းကာ ၀င်စစ်သွားကြောင်း ကျိုက်မရောမြို့မရဲစခန်း အမည်မဖော်လိုသူ ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ဖုန်းသတင်းပေးပြောပြချက်အရသိရှိရသည်။

"လွှတ်တော်ကိုယ်စားလှယ်ဆိုပြီး ဒီလိုလုပ်လို့ရလား နောက်လာမေးတဲ့အချိန်ကလည်း ညည်းနက်နေပြီး မူးလွန်လို့ သူ့ကိုယ်သူတောင်မနိုင်ဘူး ပြီးတော့ ခွင့်ပြုချက်မရဘဲဓာတ်ပုံအတင်းရိုက်သွားတယ် အထဲကအချုပ်သားတွေနဲ့လည်းစကားကြသေးတယ်" ဟုအဆိုပါရဲတပ်ဖွဲ့ဝင်တစ်ဦးကဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်ပြီး ကျိုက်မရောမြို့နယ်ရဲတပ်ဖွဲ့မှူးအပါအ၀င်တာဝန်ရှိသူအချို့ကို ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ခေါ်ယူမေးမြန်နေကြောင်းသိရှိရသည်။

"မဏိုင်တစ်ခုနဲ့တစ်ခု ပူးပေါင်းလုပ်ဆောင်ရတာဆိုပေမယ့် အခုလုပ်ရပ်က တိုက်ရိုက်ဝင်ရောက်စွက်ဖက် သလိုဖြစ်နေတယ်။မဖြစ်သင့်ဘူး။အာဏာပါဝါနဲ့ အနိုင်ကျင့်သလိုဖြစ်နေတယ်"ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်က မှတ်ချက်ပြုသည်။

ကျူးလွန်ခံရသူများအနေဖြင့် လွှတ်တော်ရေးရာကော်မတီကို တိုင်ကြားသင့်ပြီး ယင်းကော်မတီကလည်း အဆိုပါလွှတ်တော်ကိုယ်စားလှယ်ကို ထိရောက်စွာ အရေးယူရန်လိုအပ်ကြောင်း ဦးကျော်ကဆိုသည်။

ကျိုက်မရောမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးခင်ဇော်ဦးက "ရဲစခန်းကို တခြားကိစနဲ့သွားတာပါ။အမှုဖွင့်ဖို့ သွားတာပါ။အချုပ်သားတွေကို စစ်ဆေးမေးမြန်းဖို့ သွားတာမဟုတ်ပါဘူး"ဟု ပြောသည်။

ဦးခင်ဇော်ဦးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ကြောင်း သိရသည်။

လင်းထွန်း(ကျိုက်မရော)
The Public Image

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ