FDA အမှုက အဖမ်းခံထားရသူကို သေဒဏ်အထိချမှတ်နိုင်တဲ့ စွဲချက်နဲ့ အမိန့်ချ


FDA အမျိုးသမီးအသတ်ခံရမှုမှာ ဖမ်းဆီးထားသူ မျိုးဇော်ဦးကို သေဒဏ်အထိချမှတ်နိုင်တဲ့စွဲချက်အမိန့်ကို အရှေ့ပိုင်းခရိုင်တရားရုံးက ဧပြီလ(၃၀)ရက် ဒီနေ့မှာ ချမှတ်လိုက်ပါတယ်။

 အသတ်ခံရသူ ရွှေရည်ဝင်းကို လက်ဝတ်လက်စားလုယက်ပြီး ဓမ္မတာနဲ့ဆန့်ကျင်ပြီး မုဒိန်းမှုကျူးလွန်နေစဉ် လူသတ်မှုကိုပါ ကျူးလွန်တယ်လို့ ယုံကြည်တဲ့အတွက် ပုဒ်မ(၃၀၂)(၁)(ဂ)နဲ့ ခရိုင်တရားသူကြီးက အခုလို အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။


 ဒီစွဲချက်အမိန့်ကို မျိုးဇော်ဦးက ငြင်းဆိုလိုက်တာကြောင့် ပြန်ခေါ်သက်သေအဖြစ် တရားလိုသက်သေ ဒုရဲအုပ်ရာချမ်းမြေ့အောင်ကို လာမယ့်မေလ(၇)ရက်မှာ အရှေ့ပိုင်းခရိုင်တရားရုံးက ပြန်လည်စစ်ဆေး သွားမှာဖြစ်ပါတယ်။

သတင်း -မျိုးမင်း၊ မိခိုင်သီရိဇော်(5 Plus News)
https://www.facebook.com/5plusnews/
FDA အမှုက အဖမ်းခံထားရသူကို သေဒဏ်အထိချမှတ်နိုင်တဲ့ စွဲချက်နဲ့ အမိန့်ချ FDA အမှုက အဖမ်းခံထားရသူကို သေဒဏ်အထိချမှတ်နိုင်တဲ့ စွဲချက်နဲ့ အမိန့်ချ Reviewed by THITHTOOLWIN on 16:30 Rating: 5
Powered by Blogger.