ဝါရှင်တန် ၂၄ ဧပြီ
အနားပေးလိုက်ပြီဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်နေရာမှာ အစားထိုးဖို့အတွက် သမ္မတဒေါ်နယ်ထရန့် အမည်စာရင်တင်သွင်းထားတဲ့ ဗဟိုထောက်လှမ်းရေးအေဂျင်စီက ညွှန်ချုပ် မိုက်ခ် ပွန်ပီယိုကို အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် အထက်လွှတ်တော်က ယနေ့ အတည်ပြုလိုက်ပြီဖြစ်ပါတယ်။
ယမန်နေ့က အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီမှာ မဲခွဲဆုံးဖြတ်ခဲ့ကြရာမှာ ပွန်ပီယိုကို နိုင်ငံခြားရေးရာမူဝါဒတွင် စစ်ရေးဖြင့်ဖြေရှင်းလိုသူအဖြစ် ဒီမိုကရက်တစ်တွေက ကန့်ကွက်ခဲ့ကြပြီး အထက်လွှတ်တော်မှာ နေရာအများစုရယူထားတဲ့ ရီပတ်ပလစ်ကန်တွေနဲ့ သဘောထားကွဲခဲ့ကြပါတယ်။
CIA ညွှန်ချုပ် ပွန်ပီယိုဟာ ဇွန်လအစောပိုင်းမှာ ပြုလုပ်ဖို့ရှိနေတဲ့ အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲ စီစဉ်ရာမှာ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့သူဖြစ်ပါတယ်။ ဧပြီလအစောပိုင်းကတည်းက မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့တွေ့ဆုံဖို့ ပြုံယမ်းကို သွားရောက်ခဲ့ပါသေးတယ်။
ပွန်ပီယိုဟာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တရားဝင်ခန့်အပ်ပြီးနောက် အမေရိကန်-မြောက်ကိုရီးယား နှစ်ဘက်ခေါင်းဆောင်များ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးမှုအတွက် ပြင်ဆင်မှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။ နောက်လထဲမှာ ပြန်လည်သုံးသပ်ဖို့ရှိနေတဲ့ အီရန်နဲ့ အင်အားကြီး ခြောက်နိုင်ငံချုပ်ဆိုထားတဲ့ နျူကလီးယား သဘောတူစာချုပ်ကိစ္စကလည်း နိုင်ငံခြားရေးဝန်ကြီးအတွက် ဆက်တိုက်ဖြေရှင်းရမယ့် အဓိကပြဿနာအဖြစ် ရှိနေပါသေးတယ်။
ဘာသာပြန် > မိုးမမ
ကိုးကား > အန်အိတ်ခ်ျကေ
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
CIA ညွှန်ချုပ် မိုက်ခ် ပွန်ပီယိုကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအဖြစ် လွှတ်တော်အတည်ပြု
Reviewed by THITHTOOLWIN
on
21:47
Rating: