ချောင်းဆုံမြို့ နယ် အပြိုင်ကျေးရွာ၌ မီးရှို့ မှုကြောင့် နေအိမ် ၃၇ လုံး မီးလောင်ကျွမ်း


မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ အပြိုင်ကျေးရွာ၌ ဧပြီလ ၁၃ ရက်နေ့ က ဖြစ်ပွားခဲ့သည့် မီးရှို့မှုတစ်ခုကြောင့် နေအိမ် ၃၇လုံး မီးကူးဆက်လောင်ကျွမ်းခဲ့ကာ ဆက်လက်မီးကူးစက်မှု မရှိစေရေးအတွက် နေအိမ် ၈ လုံးအား ဖြိုချဖျက်ဆီးခဲ့သဖြင့် စုစုပေါင်းနေအိမ် ၄၅ လုံး ပျက်စီးဆုံးရှုံး ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်ပါသည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့ ၁၇း၁၀နာရီ  အချိန်တွင် ချောင်းဆုံမြို့နယ် အပြိုင်ကျေးရွာနေ မချို (၂၄)နှစ်၏ နေအိမ်အား မွန်ချမ်း(ခ)သိန်းထွန်း(၃၂)နှစ်မှ အဆိုပါနေအိမ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ မကျေနပ်ဖြစ်ပြီးမီးရှို့ ခဲ့ကြောင်း သိရသည်။

ထိုမီးရှို့မှုမှတဆင့် နေအိမ် ၃၇လုံး မီးကူးဆက်လောင်ကျွမ်းခဲ့ကာ ဆက်လက်မီးကူးစက်မှု မရှိစေရေးအတွက် နေအိမ် ၈ လုံးအား ဖြိုချဖျက်ဆီးခဲ့သဖြင့် စုစုပေါင်းနေအိမ် ၄၅ လုံး ပျက်စီးဆုံးရှုံး ခဲ့သောကြောင့် ဧပြီလ ၁၄ ရက်နေ့ ၀၁း၀၀နာရီ အချိန်တွင် မွန်ချမ်း(ခ)သိန်းထွန်းအား ချောင်းဆုံ မြို့မရဲစခန်းမှ (ပ)၅၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၃၆(မီးရှို့မှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

သစ်ထူးလွင်


ချောင်းဆုံမြို့ နယ် အပြိုင်ကျေးရွာ၌ မီးရှို့ မှုကြောင့် နေအိမ် ၃၇ လုံး မီးလောင်ကျွမ်း ချောင်းဆုံမြို့ နယ် အပြိုင်ကျေးရွာ၌ မီးရှို့ မှုကြောင့် နေအိမ် ၃၇ လုံး မီးလောင်ကျွမ်း Reviewed by THITHTOOLWIN on 20:45 Rating: 5
Powered by Blogger.