အိုင်စီစီ အဖွဲ့မှာ မြန်မာကို အရေးယူဖို့ ကြိုးပမ်းချက် မြန်မာ တုံ့ပြန်

ဘင်္ဂလားဒေ့ရှ်နိုင်ငံက စခန်းတစ်ခုမှာ မွတ်စလင်ဒုက္ခသည်တွေကို တွေ့ရစဉ်။ Photo: RFA
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရခိုင်ပြည်နယ်က မွတ်စလင်တွေကို မောင်းထုတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ အရေးယူအမှုဖွင့်ဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားခုံရုံး ICC ရှေ့နေကြီးက ပြောဆိုတဲ့သတင်းအပေါ် မြန်မာ အစိုးရအနေနဲ့ တော်တော်ကို စိတ်ပျက်သောကဖြစ်ရတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက ကြေညာချက်တရပ် ထုတ်ပြန်လိုက်ပါတယ်။

အဲဒီ ကြေညာချက်မှာ မြန်မာနိုငံဟာ အိုင်စီစီ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ မဟုတ်ကြောင်း၊ ICC အဖွဲ့ကြီးရဲ့ ပဋိဥာဉ်စာချုပ် မှာ သူ့ရဲ့လုပ်ပိုင်ခွင့် လက်မခံတဲ့ နိုင်ငံတွေရဲ့ အရေးကိစ္စတွေကို စွက်ဖက်လုပ်ပိုင်ခွင့်မရှိဘူးလို့ ဖော်ပြထားကြောင်း၊  လုပ်ပိုင်ခွင့်မရှိတဲ့ နိုင်ငံတွေအပေါ် တရားရေးဆိုင်ရာ အရေးယူမှု ချဲ့ထွင်ဖို့ကြိုးပမ်းလာရင် မသက်ဆိုင်သူတွေအပေါ် ဂယက်ရိုက်ခတ်မှုတွေ ရှိလာမှာဖြစ်ကြောင်း ထောက်ပြထားပါတယ်။

ဒါ့အပြင် ပြဿနာဖြစ်ပွါးခဲ့တဲ့ဒေသက ဘယ်သူ့ကိုမှ မြန်မာအစိုးရက မောင်းနှင်ထုတ်ခဲ့တာ မရှိဘူးလို့ အခါခါပြော ခဲ့ပြီးဖြစ်ကြောင်း၊ အိုးအိမ်စွန့်လွှတ် ထွက်ပြေးကြသူတွေကို ပြန်လည်ခေါ်ယူပြီး နေရာချထားနိုင်ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နဲ့  ပူးပေါင်းကြိုးပမ်းနေကြောင်း၊ ပြန်လည်ခေါ်ယူရေးအတွက် အစစပြင်ဆင်ထားပြီး အခုအခါ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ကိုယ်တိုင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ပြီး အားလုံးအသင့်ရှိနေပြီဆိုတာ ရှင်းပြနေကြောင်း အကျယ်တဝင့် ဖော်ပြထားပါတယ်။

RFA Burmese
https://www.rfa.org/burmese
အိုင်စီစီ အဖွဲ့မှာ မြန်မာကို အရေးယူဖို့ ကြိုးပမ်းချက် မြန်မာ တုံ့ပြန် အိုင်စီစီ အဖွဲ့မှာ မြန်မာကို အရေးယူဖို့ ကြိုးပမ်းချက် မြန်မာ တုံ့ပြန် Reviewed by THITHTOOLWIN on 21:24 Rating: 5
Powered by Blogger.