မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်(၄)လုံးနှင့်ကြက်ခြံ(၅)ခြံ လောင်ကျွမ်း


မြင်းခြံ ၊ ဧပြီ-၂၅

မန္တလေးတိုင်းဒေသကြီး ၊ မြင်းခြံမြို့နယ် ၊ ကွမ်းစိုက်ကျေးရွာအုပ်စု ၊ မကျီးသမျှားကျေးရွာတွင် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ခြင်းကို ဧပြီလ (၂၅) ရက် ၊ နံနက် (၁း၄၀) နာရီအချိန်က ဖြစ်ပွားခဲ့ ကြောင်းသိရှိရသည် ။

မီးလောင်မှုဖြစ်စဉ်မှာ မကျီးသမျှားကျေးရွာ ဦးစန်းဦး၏နေအိမ်မီးဖိုမှ မီးကြွင်းမီးကျန်မှတစ်ဆင့် စတင်လောင်ကျွမ်းရာ ဦးစန်းဦးပိုင် ဝါးကပ်မိုးထရံကာနေအိမ် (၁) လုံးနှင့် ကြက်ခြံအဆောက်အဦး (၁) လုံး ၊ ဦးသန်းဝင်း၏ ဝါးကပ်မိုးထရံကာနေအိမ် (၁)လုံးနှင့် ကြက်ခြံအဆောက်အဦး (၁)လုံး၊ ဦးမိုးကျော်ဦး၏ ဝါးကပ်မိုး ထရံကာနေအိမ် (၁) လုံးနှင့် ကြက်ခြံအဆောက်အဦး (၁) လုံး၊ဦးအောင်လင်း၏ သွပ်မိုးထရံကာနေအိမ် (၁) လုံး နှင့် ကြက်ခြံအဆောက်အဦး(၂)လုံး၊စုစုပေါင်းနေအိမ်(၄)လုံးနှင့်ကြက်ခြံအဆောက်အဦး(၅)လုံး၊ကြက်ကောင်ရေ (၁၆၅၀) ကောင်တို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည် ။


မီးလောင်မှုဖြစ်ပွားရာသို့ မြင်းခြံခရိုင် မီးသတ်တပ်ဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်နိုင်ဦးစီး၍ မီးငြိမ်းသတ်ယာဉ် (၆) စီး ၊ ရေသယ်ယာဉ် (၃) စီး ၊ ပုဂ္ဂလိကရေသယ်ယာဉ် (၂) စီး ၊ စက်မှုဇုန်မီးငြိမ်းသတ်ယာဉ် (၁) စီးနှင့် ကျေးရွာပြည်သူများမှ စုပေါင်း၍ငြိမ်းသတ်ခဲ့သည် ။ မီးလောင်မှုစတင်ဖြစ် ပွားခဲ့သည့် အိမ်ရှင်ဦးစန်းဦးအား မြင်းခြံနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထား ပြီး ၊ မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းသိရှိရသည် ။

ဦးဇော်မင်းနိုင် ( မြင်းခြံ )
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်(၄)လုံးနှင့်ကြက်ခြံ(၅)ခြံ လောင်ကျွမ်း မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်(၄)လုံးနှင့်ကြက်ခြံ(၅)ခြံ လောင်ကျွမ်း Reviewed by THITHTOOLWIN on 18:57 Rating: 5
Powered by Blogger.