ရဲဘက်​အကျဉ်းသား ​ကျောက်​ပိ​သေဆုံးပြီး​နောက်​ ​ထောင်​ဆူပူမှုဖြစ်​၍ အလုပ်​သိမ်းလိုက်​ရဟုဆို
ပေါင်​ - ​ဧပြီ ၉
မွန်ပြည်နယ် ​ပေါင်​မြို့နယ်​ ရွာတန်းရှည်​​ကျေးရွာတွင်​ စခန်းရုံးစိုက်​ပြီး အင်း​ပြောင်​​ကျေးရွာတွင် ​​ကျောက်​ထုတ်​လုပ်​ကိုင်​​နေ​သော အင်း​ဗြောင်​ကုန်​ထုတ်​စခန်း (ရဲဘက်​စခန်း) တွင်​ ဧပြီလ ၉ ရက်နေ့ ယ​နေ့မနက်​ ၉ နာရီက ​ကျောက်​ခဲပိပြီး အကျဉ်းသား တစ်​ဦး​သေဆုံး သွားသည်​။
သေဆုံးသူမှာ မြ၀တီမြို့ အမှတ်​၃ရပ်​ကွက်​တွင် ​​နေထိုင်​ပြီး မူးယစ်​​​ဆေးသုံးစွဲ မှုဖြစ်​​သော ပုဒ်​မ၁၅ က ဖြင့်​ ​ထောင်​ ၄ နှစ်​ကျခံ​စေရန်​ မြ၀တီခရိုင်​တရားရုံးက ၂၀၁၆ ခုနှစ်​တွင်​ အမိန့်​ချ ထားသူ ​မောင်​၀င်းသူရိန်​ (ခ)​မောင်​၀င်း ၂၂နှစ်​ အဖ ဦးဝင်းရှိန်​ဖြစ်​သည်​။
တပ်​ခွဲ ၅ မှ စတင်​ပြုလုပ်​ခြင်းဖြစ်​​သော်​လည်း အကျဉ်းသားအားလုံးကို စခန်းရုံးသို့ပြန်​လည်​ထိမ်းသိမ်း​ခေါ်​ဆောင်​သွားနိုင်​ခဲ့​ကြောင်း သိရသည်​။
ပြစ်​ဒဏ်​ကျအကျဉ်းသားများအ​နေဖြင့်​ တနင်္ဂ​နွေ​နေ့မှအပ ကျန်​ရက်​များတွင်​ တစ်​​နေကုန်​ ​ကျောက်​ထု​ကျောက်​သယ်​ ပြုလုပ်​ကြရပြီး တစ်​​နေ့လုပ်​အားခ အဖြစ်​ ၂၀၀ ကျပ်​နှုန်း တွက်​ချက်​ကာ လွတ်​သည့်​​နေ့တွင်​ ထုတ်​​ပေးကြောင်း သိရသည်။
Paung Daily
https://www.facebook.com/paungdaily
ရဲဘက်​အကျဉ်းသား ​ကျောက်​ပိ​သေဆုံးပြီး​နောက်​ ​ထောင်​ဆူပူမှုဖြစ်​၍ အလုပ်​သိမ်းလိုက်​ရဟုဆို ရဲဘက်​အကျဉ်းသား ​ကျောက်​ပိ​သေဆုံးပြီး​နောက်​ ​ထောင်​ဆူပူမှုဖြစ်​၍ အလုပ်​သိမ်းလိုက်​ရဟုဆို Reviewed by THITHTOOLWIN on 19:17 Rating: 5
Powered by Blogger.