ပြင်ဦးလွင်-မန္တလေးအဆင်းလမ်း ယာဉ်တိမ်းမှောက် (၁၄)ဦးဒဏ်ရာရ

အရှိန်မထိန်းနိုင်သည့်ယာဉ်တိမ်းမှောက်သဖြင့် (၁၄)ဦးဒဏ်ရာရ
မန္တလေးတိုင်းဒေသကြီး  ပြင်ဦးလွင်မြို့နယ်၊ ညောင်ပေါကျေးရွာအနီး ပြင်ဦးလွင်-မန္တလေးအဆင်းလမ်း မိုင်တိုင်အမှတ်(၂၀/၅)၌ ဧပြီလ ၂၃ ရက်နေ့ နံနက်ပိုင်းက Toyota Hiace ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့သဖြင့် (၁၄)ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန် ပြင်ဦးလွင်မြို့နယ်၊ ညောင်ပေါကျေးရွာအနီး ပြင်ဦးလွင်-မန္တလေးအဆင်းလမ်း မိုင်တိုင်အမှတ်(၂၀/၅)၌ ပြည်ကြီးတံခွန် မြို့နယ်နေ သိန်းစိုးဦး(၃၃)နှစ် မောင်းနှင်ပြီး ယာဉ်နောက်လိုက် သက်နိုင်ဝင်း(ခ)သက်နိုင်ထွန်းနှင့် အမရပူရမြို့နယ်၊ မြစ်ငယ်ကျေးရွာနေ ဝဏ္ဏထွေး(၂၈)နှစ်ပါ ခရီးသည်(၁၆)ဦးနှင့် ယူနန်ပြည်နယ်၊ ဖူအာမြို့နယ်နေ တရုတ်နိုင်ငံသား လီရှောက်ရှန်း(၂၇)နှစ် (ပက်စ်ပို့အမှတ် EC 2690526၊ ဗီဇာနံပါတ် E 981243 ၊ စီးပွားရေးဗီဇာ၊ သက်တမ်း ၂၉-၃-၂၀၁၈ မှ ၂၆-၄-၂၀၂၈ ထိ) တို့လိုက်ပါ လာသည့် 6I/×××× Toyota Hiace ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့သဖြင့် သိန်းစိုးဦး ပါ(၁၃)ဦး(ကျား ၈၊ မ ၄)နှင့် တရုတ်နိုင်ငံသား လီရှောက်ရှန်းတွင် ဖူးရောင်ပေါက်ပြဲ ဒဏ်ရာများ(မစိုးရိမ်ရ)ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် သိန်းစိုးဦး အား ပြင်စာရဲကင်းစခန်း ယာဉ်(ပ)၂၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇/၂၇၉ ဖြင့် အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ