အောင်ပန်း - ဟဲဟိုးကြား တီကောင်တောင်အဆင်း၌ ဘုရားဖူးယာဉ် တိမ်းမှောက် (၂)ဦး သေဆုံး၊ (၃၉)ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်၊ အောင်ပန်း - တောင်ကြီး ပြည်ထောင်စုလမ်း၊ အောင်ပန်း - ဟဲဟိုးကြား တီကောင်တောင်အဆင်း၌ ဧပြီလ ၂၉ ရက်နေ့ နေ့လယ် ၁၁း၃၀ အချိန်ခန့်က ဘုရားဖူးယာဉ် တိမ်းမှောက်မူ့  ဖြစ်ပွားခဲ့ရာမှာ သေဆုံးသူ(၂)ဦး၊ ထိခိုက်ဒဏ် ရာရ လူနာ(၃၉)ဦး၊ ထိခိုက်ဒဏ်ရာမရှိ (၃) ဦး ရှိကြောင်း နာရေးကူညီမှု (အောင်ပန်း)  ဖေ့ဘွတ်ခ် လူမှုကွန်ယက် အင်တာနက်စာမျက်နှာ်မှာ ဖော်ပြထားပါသည်။

ဘုရားဖူးခရီးသည်(၄၄)ဦး၊ လိုက်ပါလာသည့် ရန်ကုန်- သံလျင်(express)ကား တိမ်းမှောက်မူဖြစ်ပွားရာသို့ မြို့/နာကူအဖွဲ့၊ အောင်ပြည့်စုံသွေးအဖွဲ့၊ ကြက်ခြေနီအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ဟဲဟိုး
ပရဟိတအဖွဲ့၊ ကလောမြို့နယ်လွတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အသီးသီးတို့မှ အခင်းဖြစ်ပွားရာသို့သွားရောက်ကူညီပေးခဲ့ကြပြီး၊ ထိခိုက်သေဆုံးဒဏ်ရာရလူနာများကို အောင်ပန်းပြည်သူ့ဆေးရုံ၊ ဟဲဟိုးပြည်သူ့ဆေးရုံ၊ တောင်ကြီးစဝ်စံထွန်းဆေးရုံသို့ ပို့ဆောင် ကူညီဖေးမမူပေးခဲ့ကြပါသည်။

သေဆုံးသူ(၂)ဦးမှာ မအေးမြင့်ရီ အသက်(၄၀)နှစ်၊ သမီး မဆောင်းလပြည့် အသက်(၁၄)နှစ်၊
ရန်ကုန်-ကမ္ဘာအေး နေဟုသိရှိရပါသည်။

နာ/ကူ(အောင်ပန်း)
နာရေး ကူညီမှု အောင်ပန်း

အောင်ပန်း - ဟဲဟိုးကြား တီကောင်တောင်အဆင်း၌ ဘုရားဖူးယာဉ် တိမ်းမှောက် (၂)ဦး သေဆုံး၊ (၃၉)ဦး ဒဏ်ရာရ အောင်ပန်း -  ဟဲဟိုးကြား တီကောင်တောင်အဆင်း၌ ဘုရားဖူးယာဉ် တိမ်းမှောက် (၂)ဦး သေဆုံး၊ (၃၉)ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 10:00 Rating: 5
Powered by Blogger.