ဂျပန်နိုင်ငံသားတစ်ယောက် ကမ္ဘာ့အသက်ကြီးဆုံး ဘိုးဘိုးအဖြစ် အသိအမှတ်ပြုခံရ


ဂျပန်နိုင်ငံက မဆာဇို နိုနာကာ ဆိုတဲ့ အဖိုးအိုဟာ အသက် ၁၁၂ ရှိနေပြီဖြစ်တဲ့အတွက် လက်ရှိ ကမ္ဘာ့ပေါ်မှာ သက်တော်အရှည်ဆုံးဘိုးဘိုးဖြစ်တယ်လို့ ဂင်းနစ်စံတော်ချိန်စာရင်း ဝင်သွားပါတယ်။

သူ့ကို ၁၉၀၅ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့မှာ မွေးတဲ့အတွက် ဒီနေ့အတွက် ကမ္ဘာ့အသက်အရှည်ဆုံး ပုဂ္ဂိုလ်ကြီးအဖြစ် အသိအမှတ်ပြုလက်မှတ်ကို ဟော့ကိုင်းဒိုးကျွန်းက သူ့နေအိမ်မှာ လက်ခံရရှိလိုက်ပါ တယ်။

ဘိုးဘိုး နိုနာကာဟာ အချိုပါတဲ့ စားစရာမှန်သမျှ နှစ်သက်သလို၊ ဘီးတပ်ကုလားထိုင်နဲ့ သွားလာနေရ တာကလွဲလို့ ကျန်းမာရေးကောင်းတယ်လို့ သူ့ရဲ့ မြေးမတစ်ယောက်ကပြောပါတယ်။ သူ့ရှေ့မှာ ကမ္ဘာ့ အသက်အရှည်ဆုံးပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုခံခဲ့ရသူက စပိန်နိုင်ငံသား ဖရန်ဆစ်္စကို အိုလီးဗီးယား ဖြစ်ပြီး၊ အသက် ၁၁၃ နှစ်အထိ နေထိုင်သွားပြီး၊ ဖေဖေါ်ဝါရီလက ကွယ်လွန်သွားပြီဖြစ်ပါတယ်။

ဂျပန်လူမျိုးတွေဟာ အသက်ရာပြည့်နေထိုင်ရသူပေါတယ်လို့ အသိအမှတ်ပြုခံရပြီး၊ ကိမူရာဆိုတဲ့ သူဆိုရင် အသက် ၁၁၆ နှစ် ရှင်သန်နေထိုင်သွားခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ဂျပန်နိုင်ငံသားတစ်ယောက် ကမ္ဘာ့အသက်ကြီးဆုံး ဘိုးဘိုးအဖြစ် အသိအမှတ်ပြုခံရ ဂျပန်နိုင်ငံသားတစ်ယောက် ကမ္ဘာ့အသက်ကြီးဆုံး ဘိုးဘိုးအဖြစ် အသိအမှတ်ပြုခံရ Reviewed by THITHTOOLWIN on 10:24 Rating: 5
Powered by Blogger.