မြန်မာဘက်သွင်းလာမယ့် ဘတ် ၁သန်းကျော်တန်ဖိုးရှိ ဆိုဒီယမ်ဆိုင်ယာနိုက်တွေ ထိုင်းစစ်ဆေးရေးဂိတ်မှာဖမ်းမိ


မူးယစ်ဆေးဝါးပြုလုပ်ပြုရာမှာအသုံးပြုတဲ့ ဆိုဒီယမ်ဆိုင်ယာနိုက် ကီလို ၅၀ ၀င်ပုံး ၇၀၊ စုစုပေါင်းကီလို ၃၅၀၀ (ဘတ်ငွ ၁၁ သိန်းဖိုးတန်ကြေးရှိ)ကို ဧပြီလ ၂၉ ရက်ညနေပိုင်းက ချစ်ကြည်ရေးတံတားကနေ မြန်မာဘက် ကိုသွားဖို့လုပ်နေစဉ်မှာဖမ်းဆီးရမိခဲ့တယ်လို့ မဲဆောက်အကောက်ခွန်မင်းကြီးနိုင်ဝမ်လုဖ်ဝုဒ်ဒါဖါနစ် က ဧပြီ ၃၀ ရက်နေ့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။

ကျော်ဖြိုးအောင်မောင်းတဲ့ယာဉ်အမှတ် YGN 9D---ကိုချစ်ကြည်ရေးစစ်ဆေးရေးဂိတ်မှာစစ်ဆေးစဉ် ဖိနပ်နဲ့ ကလေးကစားစရာအရုပ်တွေအောက်ကပုံးတွေကိုတွေ့ရှိဖမ်းဆီးရမိတာလို့ဆိုပါတယ်။

အခုကျော်ဖြိုးအောင်ကို ထိုင်းမူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့ ကိုလွှဲအပ်ပေးလိုက်ပြီး၊ ဒီပစ္စည်းတွေကို ဘယ်သူကတင်သွင်းလာတာလဲ၊ ဘယ်သူ့ဆီကိုပို့မှာလည်းဆိုတာကို ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဘီဘီစီမြန်မာပိုင်း
BBC Burmese
https://www.facebook.com/BBCnewsBurmese
မြန်မာဘက်သွင်းလာမယ့် ဘတ် ၁သန်းကျော်တန်ဖိုးရှိ ဆိုဒီယမ်ဆိုင်ယာနိုက်တွေ ထိုင်းစစ်ဆေးရေးဂိတ်မှာဖမ်းမိ မြန်မာဘက်သွင်းလာမယ့် ဘတ် ၁သန်းကျော်တန်ဖိုးရှိ ဆိုဒီယမ်ဆိုင်ယာနိုက်တွေ ထိုင်းစစ်ဆေးရေးဂိတ်မှာဖမ်းမိ Reviewed by THITHTOOLWIN on 16:56 Rating: 5
Powered by Blogger.