တနိုင်းမြို့ မူ/လွန်ကျောင်း မီးလောင်မှုဖြစ်ပွား


မြစ်ကြီးနား ၂၂ ဧပြီ

မြစ်ကြီးနားခရိုင် တနိုင်းမြို့နယ် နောင်းလုံ/ ကောင်ရာကျေးရွာတွင် ဧပြီ ၂၁ ရက်နေ့ ညနေ ၂ နာရီခွဲခန့်တွင် အခြေခံပညာ မူလတန်းလွန်ကျောင်း မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြစ်ကြီးနားခရိုင် မီးသတ်ဦးစီးဌာနမှ သိရသည်။


အဆိုပါ မီးလောင်မှုကြောင့် နောင်းလုံ/ကောင်ရာကျေးရွာ၏ မူလတန်းလွန်ကျောင်း စာသင်ဆောင် တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ရာ ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၁၆ သိန်းကျော် ရှိကြောင်းသိရပြီး တခြားထိခိုက်မှု မရှိကြောင်း မီးသတ်ဦးစီးဌာန၏ မှတ်တမ်းများအရသိရသည်။

အဆိုပါ မီးလောင်သည့်နေရာသို့ တနိုင်းမြို့နယ် မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးစိုးထွန်းနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ခဲ့ပြီး မီးလောင်မှုနှင့်ပတ်သက်ပြီး ကျောင်း၏ ယာယီ တာဝန်ခံအား တနိုင်းမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

EPN
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
တနိုင်းမြို့ မူ/လွန်ကျောင်း မီးလောင်မှုဖြစ်ပွား တနိုင်းမြို့ မူ/လွန်ကျောင်း မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 20:58 Rating: 5
Powered by Blogger.