ဒုရဲမှူးမိုးရန်နိုင်အမှု ကြားဝင်ဖို့သင့်မသင့် ဆွေးနွေးမယ်

 မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင် ( ဝဲ )
ရိုက်တာ သတင်းထောက် ၂ယောက်ကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့တယ်လို့ တရားခွင်မှာ ထွက်ဆိုခဲ့တဲ့ ဒုရဲမှူး မိုးရန်နိုင်ရဲ့ အမှုကိစ္စကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော်မရှင် အနေနဲ့ အမှုထဲ ကြားဝင်သင့် မဝင်သင့်ကို ကော်မရှင် အဖွဲ့ဝင်တွေ အကြားမှာ ဆွေးနွေး သွားဖို့ ရှိနေပါတယ်။

ဒုရဲမှူး မိုးရန်နိုင် ကိစ္စနဲ့ ပတ်သက်လို့ လူ့အခွင့်အရေး ကော်မရှင်က ၀င်ရောက် စွက်ဖက်မလား ဆိုတာကို ဧပြီ ၂၃ ရက်မှာ ကျင်းပမယ့် အစည်းအဝေးမှာ တင်ပြသွားမယ်လို့ လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင် က ပြောပါတယ်။

ဒီကိစ္စမှာ ကြားဝင်လိုက်ရင် လူ့အခွင့်အရေး ကော်မရှင် အနေနဲ့ ဥပဒေ ချိုးဖောက်ရာ ကျမလား ၊ တရားရုံး ရောက်တဲ့ ကိစ္စကို လူ့အခွင့်အရေး ကော်မရှင်က ၀င်စွက်ခွင့် ရှိမရှိ ဆိုတာတွေကို ဆွေးနွေးကာ ဆုံးဖြတ်ကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အင်းဒင်ရွာ လူသတ်မှုနဲ့ ပတ်သက်လို့ ရိုက်တာ သတင်းထောက်နှစ်ယောက်ကို သတင်း အချက်အလက် ပေးခဲ့တယ်ဆိုပြီး ဒုရဲမှူး မိုးရန်နိုင်နဲ့ တပ်ကြပ်ကြီး ခင်မောင်လင်းတို့ကို လျှို့ဝှက်အက်ဥပဒေ ၊ ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေတွေ အရ အရေးယူမယ်လို့ အစိုးရက ပြီးခဲ့တဲ့ ဒီဇင်ဘာက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
ဒုရဲမှူးမိုးရန်နိုင်အမှု ကြားဝင်ဖို့သင့်မသင့် ဆွေးနွေးမယ် ဒုရဲမှူးမိုးရန်နိုင်အမှု ကြားဝင်ဖို့သင့်မသင့် ဆွေးနွေးမယ် Reviewed by THITHTOOLWIN on 08:59 Rating: 5
Powered by Blogger.