တုန်ဖုန်းယာဉ်အား ကျော်တက်စဉ် ဆိုင်ကယ်ဖြင့်ချိတ်မိ၍ ဆိုင်ကယ်မောင်းနှင်သူသေဆုံး


မိုးကောင်း ဧပြီ ၁၅

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် (၈)မိုင်လမ်းဆုံ စိုက်ပျိုးရေးသုတေသနခြံရှေ့ မိုးကောင်း-ဖားကန့် ကားလမ်းမပေါ်တွင် ဧပြီ၁၅ရက် မွန်းလွဲ၂နာရီခန့်က မော်တော်ဆိုင်ကယ်ဖြင့် တုန်ဖုန်းယာဉ်အားကျော်တက်ရာမှ ဆိုင်ကယ်ဖြင့်ချိတ်မိ၍ မော်တော်ဆိုင်ကယ်မောင်းနှင်သူ သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖားကန့်မြို့နယ် ကာမိုင်းမြို့ မအူပင်စုရပ်ကွက်နေ မောင်ထွန်းလင်းမောင်(၂၀)နှစ်မောင်းနှင်ပြီး မောင်ဆိုင်းရိန်အောင်(၁၅)နှစ် နောက်ထိုင်စီးနင်းလိုက်ပါလာသည့် KENBO-125 မော်တော်ဆိုင်ကယ်သည် လားရာတူသို့ မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာ အောင်တံခွန်ရပ်ကွက်နေ ဦးစိန်လင်း(၃၂)နှစ် မောင်းနှင်သည့် တုန်ဖုန်းယာဉ်အား ကျော်တက်စဉ် တုန်ဖုန်းယာဉ်၏ ရှေ့ဝဲဘက်ဘီးနှင့်ချိတ်မိကာ ဆိုင်ကယ်တိမ်းမှောက်ပြီး ဒါဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မော်တော်ဆိုင်ကယ်အား မဆင်မခြင်မောင်းနှင်သူ ထွန်းလင်းမောင်အား မိုးကောင်းမြို့မရဲစခန်းတွင် ယာဉ်(ပ)၈/၂၀၁၈၊ရာဇသတ်ကြီးပုဒ်မ-၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဝင်းနိုင် ကချင်မြေ
မိုးကောင်းသတင်းမီဒီယာ
https://www.facebook.com/mogaungnews.media
တုန်ဖုန်းယာဉ်အား ကျော်တက်စဉ် ဆိုင်ကယ်ဖြင့်ချိတ်မိ၍ ဆိုင်ကယ်မောင်းနှင်သူသေဆုံး တုန်ဖုန်းယာဉ်အား ကျော်တက်စဉ် ဆိုင်ကယ်ဖြင့်ချိတ်မိ၍ ဆိုင်ကယ်မောင်းနှင်သူသေဆုံး Reviewed by THITHTOOLWIN on 20:59 Rating: 5
Powered by Blogger.