မီးပြတ်တောက်နေစဉ် ရေသွားသောက်ရာ ပိုးသတ်ဆေးဗူးနှင့် မှားသောက်မိ၍ သေဆုံး


မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ကျားသေကန်ကျေးရွာတွင် ဧပြီလ ၂၃ ရက်နေ့ ညက အမျိုးသမီးတစ်ဦး မီးပြတ်တောက်နေစဉ် ရေသွားသောက်ရာ ပိုးသတ်ဆေးဗူးနှင့် မှားသောက်မိ၍ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့ ည ၉ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ကျားသေကန်ကျေးရွာတွင် အမျိုးသမီးတစ်ဦး အဆိပ်သောက်သေဆုံးကြောင်း သတင်းအရ ရွှေတောင် နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

 အဆိုပါကျေးရွာရှိ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်နေ ဦးမြင့်နိုင်(၃၀)နှစ် ပိုင်ဆိုင်သော မွေးမြူရေး ခြံတွင် အလုပ်သမားအဖြစ် လုပ်ကိုင်သူ တောင်သာမြို့နယ်၊ ရွာလေးကျေးရွာနေ မမြတ်သူဇာ (၂၃)နှစ်သည် လျှပ်စစ်မီးပြတ်တောက်ချိန်တွင် ကြက်ခြံအလုပ်ရုံအတွင်း ရေသွားသောက်ရာ ကြက်များ ပိုးမွှားရောဂါကာကွယ်ရေးအဖြစ် ဝယ်ယူထားရှိသော DUANGUARD-20 တံဆိပ်ပါ ပိုးသတ် ဆေးဗူးနှင့် မှားသောက်မိခဲ့၍ ကျောက်ဆည်ဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးသွားကြောင်း စစ်ဆေးသိရှိရသဖြင့် ရွှေတောင်နယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၆/၂၀၁၈) ဖြင့် ရေးဖွင့် စစ်ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
မီးပြတ်တောက်နေစဉ် ရေသွားသောက်ရာ ပိုးသတ်ဆေးဗူးနှင့် မှားသောက်မိ၍ သေဆုံး မီးပြတ်တောက်နေစဉ် ရေသွားသောက်ရာ ပိုးသတ်ဆေးဗူးနှင့် မှားသောက်မိ၍ သေဆုံး Reviewed by THITHTOOLWIN on 18:57 Rating: 5
Powered by Blogger.