ရန်ကုန်မြို့ရှိ နေရာငါးခု၌ နိုက်ထရိုဂျင်နှင့် ဆာလ်ဖာဒိုင် အောက်ဆိုက် သတ်မှတ်စံနှုန်းထက် ပိုများနေ

ရန်ကုန်မြို့တွင်း လေထုတိုင်းတာရေးစက်အားတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

    ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လေထုတိုင်းတာသော နေရာငါးခု၌ တိုင်းတာချက်များ အရ နိုက်ထရိုဂျင်နှင့် ဆာလ်ဖာဒိုင်အောက်ဆိုက် ပါဝင်မှုသည် သတ်မှတ်စံနှုန်းထက် ပိုများနေကြောင်း စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းထံမှ သိရသည်။

အဆိုပါ လေထုတိုင်းတာမှုကို လှည်းတန်း လမ်းဆုံ၊ ဘုရင့်နောင်လမ်းဆုံ၊ မြေနီကုန်း လမ်းဆုံ၊ တာမွေလမ်းဆုံနှင့် ရန်ကုန်မြို့တော် ခန်းမရှေ့တို့၌ တိုင်းတာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ယင်း လေထုတိုင်းတာမှုကို ၂ဝ၁၆ ခုနှစ် အတွင်းက စတင်တိုင်းတာခဲ့ပြီး တစ်နှစ်လျှင်တစ်ကြိမ်သာ တိုင်းတာနိုင်ကြောင်း၊ ယင်းစစ်တမ်းများ ကောက်ယူမှုကို ရန်ကုန်တိုင်း ဒေသကြီး၌သာမက တခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များ၌လည်း လေ့လာ ဆန်းစစ်မှုများ ဆောင်ရွက်နေကြောင်း သိရ သည်။

(Xinhua)
http://xinhuamyanmar.com
ရန်ကုန်မြို့ရှိ နေရာငါးခု၌ နိုက်ထရိုဂျင်နှင့် ဆာလ်ဖာဒိုင် အောက်ဆိုက် သတ်မှတ်စံနှုန်းထက် ပိုများနေ ရန်ကုန်မြို့ရှိ နေရာငါးခု၌ နိုက်ထရိုဂျင်နှင့် ဆာလ်ဖာဒိုင် အောက်ဆိုက် သတ်မှတ်စံနှုန်းထက် ပိုများနေ Reviewed by THITHTOOLWIN on 17:11 Rating: 5
Powered by Blogger.