ရခိုင်ပြည်နယ်မှ ခရီးသွားများကို ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးထောက်ခံစာဖြင့် လက်မှတ်မရောင်းရန် ကားဂိတ်မှူးများကို မထသညွှန်ကြား


နိရဉ္စရာ၊ ဧပြီ ၂၆

ရခိုင်ပြည်နယ်မှ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးသို့ခရီးသွားသူများကို ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်ဖြင့် ကားလက်မှတ်မရောင်းချရန် ကားဂိတ်မှူးများကို စစ်တွေ မထသမှ ဧပြီလ ၂၃ ရက်နေ့က ညွှန်ကြားစာ ထုတ်ပြန်လိုက်သည်။

၎င်းညွှန်ကြားစာကို စစ်တွေ မထသ ဥက္ကဋ္ဌ ချမ်းအေးမှ လက်မှတ်ထိုး ထုတ်ပြန်ခြင်း ဖြစ်ပြီး အမ်းစစ်ဆေးရေးဂိတ်အဖွဲ့မှ (၂၃-၄-၂၀၁၈) နေ့တွင် (ရခိုင်) မထသရုံးသို့ ဖုန်းဖြင့် အကြောင်းကြားချက်အရဟု စာထဲတွင် ပါရှိသည်။

မထသ ဥက္ကဋ္ဌ (စစ်တွေ)၏ ညွှန်ကြားစာထဲတွင် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး ခရီးသည်များ အနေဖြင့် ကားလက်မှတ်ခံယူရာ၌ နိုင်ငံသား စိစစ်ရေးကဒ်ပါသူများကိုသာ ကားလက်မှတ်ရောင်းချပေးရန် ပါရှိသည်။

ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မှ ပြန်လာသူများကိုသာ ရခိုင်ပြည်နယ် လ၀က ထောက်ခံချက်ဖြင့် ကားလက်မှတ်ရောင်းချပေးနိုင်ကြောင်းဖြင့်လည်း စာထဲတွင် ဖော်ပြထားသည်။

ယခု အမ်းစစ်ဆေးရေးဂိတ်အဖွဲ့မှ (ရခိုင်) မထသသို့ နိုင်ငံသား စိစစ်ရေးကဒ်ပြားဖြင့်သာ ကားလက်မှတ်များ ရောင်းချရန် ညွှန်ကြားလာခြင်းမှာ NVC ကဒ်ကိုင်ဆောင်သူ ဘင်္ဂလီများ အနေဖြင့် မြန်မာနိုင်ငံ အနှံ့ ကြိုက်သည့် နေရာသို့ သွားရောက်နိုင်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ၀င်းမြတ်အေးမှ ထုတ်ဖော်ပြောကြားပြီးနောက်ပိုင်း ပေါ်ထွက်လာခြင်း ဖြစ်သည်။

အဆိုပါ ညွှန်ကြားချက်နှင့် ပတ်သက်ပြီး အမ်းစစ်ဆေးရေးဂိတ်အဖွဲ့ သို့ ဖုန်းအဆက်အသွယ် မရသဖြင့် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်ဖြင့် ကားလက်မှတ် ရောင်းချနေခြင်း အပေါ် တားမြစ်ရခြင်းနှင့် ပတ်သက်ပြီး တင်ပြနိုင်ခြင်း မရှိသေးပါ။

Narinjara
https://www.facebook.com/Narinjara
ရခိုင်ပြည်နယ်မှ ခရီးသွားများကို ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးထောက်ခံစာဖြင့် လက်မှတ်မရောင်းရန် ကားဂိတ်မှူးများကို မထသညွှန်ကြား ရခိုင်ပြည်နယ်မှ ခရီးသွားများကို ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးထောက်ခံစာဖြင့် လက်မှတ်မရောင်းရန် ကားဂိတ်မှူးများကို မထသညွှန်ကြား Reviewed by THITHTOOLWIN on 08:56 Rating: 5
Powered by Blogger.