ကလေး-သိုင်းငင်းကားလမ်းမှာ အနက်ပေ(၆၀၀)ခန့်ရှိ ချောက်ထဲသို့ထိုးကျ တိမ်းမှောက်ခဲ့သဖြင့် သေဆုံး၊ ဒဏ်ရာရ

အရှိန်မထိန်းနိုင်သည့်ယာဉ် လမ်း၏ဝဲဘက် အနက်ပေ(၆၀၀)ခန့်ရှိချောက်ထဲသို့ထိုးကျ တိမ်းမှောက်ခဲ့သဖြင့် သေဆုံး၊ ဒဏ်ရာရ
နေပြည်တော်၊ ဧပြီ ၂၄

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကလေး-သိုင်းငင်းကားလမ်း မိုင်တိုင်အမှတ်(၂၉/၁-၂)ကြား၌ ဧပြီလ ၂၃ ရက်နေ့ နံနက်ပိုင်းက Hijet ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက် အနက်ပေ ၆၀၀ ခန့်ရှိချောက်ထဲသို့ထိုးကျ တိမ်းမှောက်ခဲ့သဖြင့် သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန် တီးတိန်မြို့နယ်၊ ကလေး-သိုင်းငင်းကားလမ်း မိုင်တိုင်အမှတ်(၂၉/၁-၂)ကြား၌ ကလေးမှ တီးတိန်သို့ ကလေးမြို့၊ ကြို့သုံးပင် ရပ်ကွက်နေ ကမ်ဆွန်းလျန်(၂၃)နှစ် မောင်းနှင်ပြီး မွန်းလိုင်ရပ်ကွက်နေ မောင်လားငိုက်ထန်(၁၈)နှစ် ပါ ၃ ဦး(ကျား ၂၊ မ ၁)လိုက်ပါလာသည့် 5J/×××× Hijet ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက် အနက်ပေ ၆၀၀ ခန့်ရှိချောက်ထဲသို့ထိုးကျ တိမ်းမှောက်ခဲ့သဖြင့် မောင်ပေါင်ဆွင်းလျန် (၇)နှစ်တွင် ဦးခေါင်းနောက်စေ့ဖူးရောင်၊ မျက်နှာသွေးထွက်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး မောင်လားငိုက်ထန် ပါ(၃)ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် ကမ်ဆွန်းလျန် အား တီးတိန်မြို့မရဲစခန်းယာဉ်(ပ)၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ ဖြင့် အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်

ကလေး-သိုင်းငင်းကားလမ်းမှာ အနက်ပေ(၆၀၀)ခန့်ရှိ ချောက်ထဲသို့ထိုးကျ တိမ်းမှောက်ခဲ့သဖြင့် သေဆုံး၊ ဒဏ်ရာရ ကလေး-သိုင်းငင်းကားလမ်းမှာ အနက်ပေ(၆၀၀)ခန့်ရှိ ချောက်ထဲသို့ထိုးကျ တိမ်းမှောက်ခဲ့သဖြင့် သေဆုံး၊ ဒဏ်ရာရ Reviewed by THITHTOOLWIN on 18:37 Rating: 5
Powered by Blogger.