ထိုင်းသင်္ကြန်မှာ ရဲဝန်ထမ်းတဦးအား ရိုက်နှက်မှုဖြင့် မြန်မာနိင်ငံမှ နံမည်ကြီး သူဌေးသားတဦး အဖမ်းခံရ


ဧပြီလ ၁၇ ရက်နေ့ က ဘန်ကောက်မြို့  ထောင်လော် မြို့ နယ် ဆူကိုဗစ် လမ်းမကြီးမှာ တာဝန်ကျ ရဲဝန်ထမ်းတဦးကို အမျိုးသားတဦးက လိုက်ရိုက်နေတဲ့ ရုပ်သံ အွန်လိုင်းမှာ တွေ့ ရပါတယ်။

အဖြူရောင် တီရှပ်ဝတ်ထားတဲ့ အမျိုးသားတဦးဟာ လမ်းမပေါ်မှာ ရဲတဦးကို လိုက်ရိုက်ခဲ့
လို့  အရိုက်ခံရတဲ့ ရဲကို ကားတစီးက ကယ်တင်သွားတာတွေ့ ရပါတယ်။

အဆိုပါရဲဟာ သူးစီးလာတဲ့ ဆိုင်ကယ်ကိုပြစ်ပြီး လမ်းမပေါ်မှာ ကျွန်တော်ကို လိုက်သတ်နေပြီကယ်ကြပါလို့  အော်ဟစ်အကူညီတောင်းနေတာလည်း ရုပ်သံမှာ ကြားရပါတယ်။

ယခုဖြစ်ရပ်နဲ့ ပါတ်သက်ပြီး ကျူးလွန်သူ တရားခံဟာ မြန်မာနိုင်ငံမှ နံမည်ကြီး စီးပွားရေး
သမားတဦးရဲ့ သား Larry Zaw လာရီဇော် အသက် (၃၁)နှစ်ဖြစ်ကြောင်း ဒီကနေ့ ရုပ်သံသတင်းမှာ ဖေါ်ပြထားပါတယ်။

အခင်းဖြစ်ပွားစဉ်က တရားခံနဲ့ အတူ ရှိနေခဲ့တဲ့ တခြား သူတွေကိုပါ ဆက်လက်စစ်ဆေးနေပါတယ်။

တရားဝင်ဗီဇာနဲ့  ၀င်ရောက်လာခဲ့သူ လယ်ရီဇော် ဟာ သင်္ကြန်မှာ သူငယ်ချင်းတွေနဲ့ လည်ပတ်နေရင်း သူမောင်းလာတဲ့ ကားကို ရဲကတားစစ်တဲ့အချိန် ရဲနဲ့  ရန်ဖြစ်ခဲ့တာလို့  သတင်းမှာဖေါ်ပြထားပါတယ်။

တရားခံကို ထောင်လော်ရဲစခန်းက ဖမ်းဆီး စစ်ဆေးနေပြီး လယ်ရီဇော်ကတော့ ရဲစခန်းမှာ အမှုကိုဝန်မခံဘဲ အာမခံငွေ ဘတ်ငွေ တသိန်းခွဲ (ဒေါ်လာ ၄၈၀၀) နဲ့  အာမခံပေးခဲ့တယ်လို့  သိရပါတယ်။

ထိုင်းနိုင်ငံမှာ ခုလို တာဝန်ကျရဲကို ရိုက်နှက်ခဲ့လို့  အမှုထင်ရှားတယ်ဆိုရင် ထောင်ဒဏ် ၁၀ နှစ်အထိ အပြစ်ဒဏ်ပေးနိုင်ပါတယ်။

လယ်ရီဇော် ကိုစွဲဆိုထားတဲ့ အမှုတွေကတော့ (၁) အရက်မူးပြီး ကားမောင်းမှု (၂)အဖမ်းမခံဘဲထွက်ပြေးမှု (၃) တာဝန်ကျ ရဲကို ရိုက်နှက်ကာ သက်သေခံတွေ ဖျောက်ဖျက်မှုစတဲ့ စွဲချက်တွေ
နဲ့  အမှုစွဲထားပါတယ်၊

Credit Kapook .Ch 3
Social Action for Children and Women - SAW

ထိုင်းသင်္ကြန်မှာ ရဲဝန်ထမ်းတဦးအား ရိုက်နှက်မှုဖြင့် မြန်မာနိင်ငံမှ နံမည်ကြီး သူဌေးသားတဦး အဖမ်းခံရ ထိုင်းသင်္ကြန်မှာ ရဲဝန်ထမ်းတဦးအား ရိုက်နှက်မှုဖြင့် မြန်မာနိင်ငံမှ နံမည်ကြီး သူဌေးသားတဦး အဖမ်းခံရ Reviewed by THITHTOOLWIN on 18:35 Rating: 5
Powered by Blogger.