သင်္ကြန်ကာလအတွင်း သရုပ်ပျက်ပစ္စည်း၊ အ၀တ်အစားများသိမ်းဆည်း


၁၄-၄-၂၀၁၈ ရက်နေ့ နေ့လည် ၁၂ နာရီခွဲအချိန် အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော် ရပ်ကွက်၊ ၁၂ လမ်း၊ ၆၉x၇၀ လမ်းကြားတွင် ကျုံးမြောက်ဘက်ခြမ်းကွပ်ကဲမှ ပူးပေါင်းအဖွဲ့သည် ပြောက်ကျားစတစ်ကာ ကပ်ထားသော ဂျစ်ကား ၃ စီးအား စစ်ဆေးရာ ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါ လာသော အမျိုးသား ၁၅ ဦးမှာ သရုပ်ပျက်ပစ္စည်း၊ အ၀တ်အစားများ ၀တ်ဆင်ထားသည်ကို စစ်ဆေးတွေ့ရှိသဖြင့် သိမ်းဆည်းပြီး နောက်နောင်မဖြစ်ပွားစေရေး ဆုံးမစကားများပြောကြား၍ ၎င်းတို့၏နေရပ်များသို့ ပြန်လည်ပို့အပ်ထားရှိ ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန်ပါသည်။

အလားတူ ၁၃-၄-၂၀၁၈ ရက်နေ့ မြန်မာ့ရိုးရာရေသဘင်ပွဲတော်(မဟာသင်္ကြန်အကြိုနေ့) မန္တလေးမြို့တွင် အများပြည်သူ စိတ်ချမ်းမြေ့စွာ ရေကစားနိုင်ရေးအတွက် မန္တလေးမြို့ဝင်ဂိတ်များဖြစ်သော မတ္တရာ−မန္တလေးလမ်းပေါ်ရှိ ရွှေကျင်စစ်ဆေးရေးဂိတ်၊ ပြင်ဦးလွင်−မန္တလေးလမ်းပေါ်ရှိ (၁၆)မိုင်စစ်ဆေးရေး ဂိတ်၊ ကျောက်ဆည်−မန္တလေးလမ်းပေါ်ရှိ မြစ်ငယ်တံတား စစ်ဆေးရေးဂိတ်၊ တံခွန်တိုင်အ၀ိုင်း၊ စစ်ကိုင်း−မန္တလေး စစ်ကိုင်းတံတားထိပ်နှင့် ရတနာပုံတံတားထိပ်၊ မန္တလေးမြို့ပေါ် (၇)မြို့နယ်၊ နေရာ(၂၅) နေရာတို့တွင် ပူးပေါင်းအဖွဲ့ဖြင့် ပိတ်ဆို့ရှာဖွေစစ်ဆေး ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သစ်ထူးလွင်
သင်္ကြန်ကာလအတွင်း သရုပ်ပျက်ပစ္စည်း၊ အ၀တ်အစားများသိမ်းဆည်း သင်္ကြန်ကာလအတွင်း သရုပ်ပျက်ပစ္စည်း၊ အ၀တ်အစားများသိမ်းဆည်း Reviewed by THITHTOOLWIN on 09:05 Rating: 5
Powered by Blogger.