ကခုန်နေရာမှ တိုက်မိ၍ စကားများရန်ဖြစ်ရာ အသင့်ပါလာသော ဓားဖြင့် ထိုး၍ သေဆုံး


၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့ နံနက် ၂ နာရီ ၃၀ မိနစ်အချိန်ခန့် က စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ သရက်ကျင်းကျေးရွာတွင် ကပြသည့် ဇာတ်ပွဲ၌ ကခုန်နေရာမှ တိုက်မိ၍ စကားများရန်ဖြစ်ရာ အသင့်ပါလာသော ဓားဖြင့် ထိုး၍ သေဆုံး ခဲ့ကြောင်း သိရပါသည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့ နံနက် ၂ နာရီ ၃၀ မိနစ်အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ အောင်စည်မြေကျေးရွာနေ ကိုသက်နိုင်ထွန်း(၃၂)နှစ်သည် ညီဝမ်းကွဲတော်စပ်သူ ဖိုးလပြည့်(၂၂)နှစ် ပါ သူငယ်ချင်း(၇)ဦးနှင့်အတူ သရက်ကျင်းကျေးရွာတွင် ကပြသည့် ဇာတ်ပွဲ၌ ဇာတ်ခုံဝဲဘက်ထောင့်တွင် ကခုန်နေရာမှ သစ်ရာအိုက်ကျေးရွာနေ ဇော်ဦး(၃၀)နှစ်တို့အဖွဲ့နှင့် တိုက်မိပြီး စကားများကြရန်ဖြစ်ရာ ဇော်ဦးမှ အသင့်ပါလာသော ဓားဖြင့် ထိုး၍ ထွက်ပြေးသွားကာ ဖိုးလပြည့် တွင် ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာတွင် သေဆုံးသွားသောကြောင့် အရေးယူပေးရန် တိုင်တန်း ချက်အရ ဒီပဲယင်းမြို့မရဲစခန်း(ပ)၇၀/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
ကခုန်နေရာမှ တိုက်မိ၍ စကားများရန်ဖြစ်ရာ အသင့်ပါလာသော ဓားဖြင့် ထိုး၍ သေဆုံး ကခုန်နေရာမှ တိုက်မိ၍ စကားများရန်ဖြစ်ရာ အသင့်ပါလာသော ဓားဖြင့် ထိုး၍ သေဆုံး Reviewed by THITHTOOLWIN on 20:23 Rating: 5
Powered by Blogger.