ပဲခူးမြို့တွင် ၅၈ နှစ်အရွယ် အမျိုးသမီးကို သတ်ပြီး ငွေများယူဆောင်သွားသူကို ဖမ်းဆီးရမိ


ပဲခူးမြို့၊ မဇင်းရပ်ကွက်ရှိ မီးသွေးအရောင်းအဝယ်ပြုလုပ်သည့် နေအိမ်မှ အသက်(၅၈)နှစ် အရွယ် အမျိုးသမီးကို သတ်ဖြတ်ပြီး ငွေများယူဆောင်သွားသူကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း ပဲခူးမြို့ အမှတ်(၂)ရဲတပ်ဖွဲ့စခန်းမှ သိရှိရသည်။

ရွှေဂူလေးဘုရားလမ်းရှိ မီးသွေးရောင်းသောနေအိမ်၌ ဧပြီ ၆ ရက်၊ နံနက်(၆)နာရီက လည်ပင်းတွင်ထိုးသွင်းဒဏ် ရာများဖြင့် အမျိုးသမီးသေဆုံးနေမှုနှင့်ပတ်သက်၍ လူသတ်မှုကျူးလွန်သူကိုဖော်ထုတ်ရန် ရဲတပ်ဖွဲ့က သက်ဆိုင် သည့် လူ(၁၁)ဦးကို ခေါ်ယူစစ်ဆေးပြီးနောက် ပြစ်မှုကျူးလွန်သူကို ဧပြီ ၉ ရက်တွင် ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးချက်အရ အဆိုပါမီးသွေးအရောင်းဆိုင်တွင်အလုပ်လုပ်နေသော ယာဉ်နောက်လိုက် အား မသင်္ကာသဖြင့် ဆက်လက်စစ်ဆေးရာ ဧပြီ ၅ ရက်က မီးသွေးများ ရန်ကုန်သို့ပေးပို့ပြီးအပြန် ညပိုင်းတွင် မီးသွေးဖိုးငွေအပ်ပြီးမှ နေအိမ်သို့ နောက်တစ်ခေါက်ပြန်ဝင်ကာ အမျိုးသမီးအားသတ်၍ ငွေကျပ်သိန်း(၂၀) ယူ ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

“မီးသွေးအရောင်းဆိုင်နေအိမ်မှာ ကွန်တိန်နာကား(၂)စီးရှိတယ်။ ရန်ကုန်ကို မီးသွေးပို့ပေးနေတာပါ။ အဲဒီနေ့က မီးသွေးအရောင်းပိုင်ရှင်အိမ်မှာ အလုပ်သမားယာဉ်နောက်လိုက်စပါယ်ယာက ငွေအပ်ပြီး တစ်ဦးတည်းမှန်းသိ တော့ ညဖက်ပြန်လာပြီး လူသတ်မှုကျူးလွန်ပြီး ငွေယူဆောင်သွားခြင်းဖြစ်ပါတယ်။ တရားခံကို တရားရုံးတင် နိုင်ရေးဆောင်ရွက်နေပါတယ်။”ဟု ပဲခူးမြို့၊ အမှတ်(၂)ရဲစခန်းမှ စခန်းမှူး ရဲအုပ်ချစ်ကြည်ကပြောသည်။

လက်ရှိတွင် လူသတ်မှုနှင့် ပတ်သက်၍ ဖမ်းဆီးခံထားရသူ ပဲခူးမြို့၊ ကျောက်ကြီးစုတိုးချဲ့ရပ်ကွက်နေ ကုလား လေး(ခ)ကောင်းဆက်အား ပဲခူးမြို့၊ အမှတ်(၂)ရဲစခန်းက (ပ)၃၃၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှု ဖွင့်အရေးယူထားကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ပဲခူးမြို့တွင် ၅၈ နှစ်အရွယ် အမျိုးသမီးကို သတ်ပြီး ငွေများယူဆောင်သွားသူကို ဖမ်းဆီးရမိ ပဲခူးမြို့တွင် ၅၈ နှစ်အရွယ် အမျိုးသမီးကို သတ်ပြီး ငွေများယူဆောင်သွားသူကို ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 19:46 Rating: 5
Powered by Blogger.