ညောင်လေးပင်မြို့ မှာ လျပ်စစ်ပစ္စည်းအရောင်းဆိုင် ဖောက်ထွင်းတဲ့ သူခိုးအား ဖမ်းဆီးရမိ

ညောင်လေးပင်မြို့ လျပ်စစ်ပစ္စည်းအရောင်းဆိုင် ဖောက်ထွင်းခံရ ပြစ်မူကျူးလွန်သူများအား နာရီပိုင်းအတွင်း ဖမ်းဆီးရမိ
ညောင်လေးပင် ဧပြီ ၂၃

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ နယ် မြို့ မ ၄ ရပ်ကွက်၌ဧပြီလ ၂၃ ရက်နေ့ ညနေ ၄ နာရီအချိန်က လျှပ်စစ်ပစ္စည်းအရောင်းဆိုင်မှ ဖုန်းနှင့်ဆက်စပ်ပစ္စည်းများ ဖောက်ထွင်းခိုးယူခံရသဖြင့် ပြစ်မူကျူးလွန်ူသူများအား ရဲတပ်ဖွဲ့ ဝင်များနှင့် တာဝန်သိပြည်သူများ ပူးပေါင်းဆောင်ရွက်နိုင်မူကြောင့် နာရီပိုင်းအတွင်း ဖမ်းဆီးနိင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီးညောင်လေးပင်မြို့ မြို့မ (၄)ရပ်ကွက် မန္တလေးလမ်းရှိ "လေလှိုင်း" လျှပ်စစ်ပစ္စည်းဆိုင်ပိုင်ရှင်မှ ဧပြီ ၂၂ ရက်နေ့ နံနက်ပိုင်း၌ ဆိုင်ဖွင့်မည်ပြုစဉ် ဆိုင်၏ အနောက်ဘက် သံတံခါးမှာပွင့်နေပြီး ဖုန်းများ၊ဖုန်းငွေဖြည့်ကဒ်များ၊ ငွေစက္ကူ ရောရာ နှင့် လျှပ်စစ်ပစ္စည်းများ ပျောက်ဆုံးနေသဖြင့် ဆိုင်ပိုင်ရှင်ဒေါ်မြင့်မြင့်အေးမှ ညနေ (၄)နာရီခွဲခန့်တွင် မြို့မရဲစခန်း၌ ပျောက်ဆုံးပစ္စည်း စာရင်းနှင့် တိုင်ကြား ခဲ့ရာ မြို့မရဲစခန်းက (ပ)၁၉၂ /၂၀၁၈ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ကာ စုံစမ်းခဲ့သည်။

ညောင်လေးပင်မြို့ မရဲစခန်းမှစခန်းမှူး ဒုရဲမှူး ဌေးဝင်းဦးဆောင်၍ရဲတပ်ဖွဲ ဝင်များသည်အခင်းဖြစ်နေရာအားသွားရောက်စစ်ဆေးခဲ့ရာCCTV တပ်ထားတဲ့အတွက် CCTV မှတ်တမ်းများအရ ပြစ်မူကျူးလွန်သူနှစ်ဦး၏ပုံရိပ်များကိုတွေ့ ရှိခဲ့ရပြီး နယ်ထိန်းတပ်ဖွဲဝင်များကဆက်လက်စုံစမ်းရာ ဧပြီလ၂၃ရက်နေ့  နေ့ ခင်းဘက်အချိန်လူငယ်နှစ်ဦးဖုန်းအသစ်များကိုင်တွယ်သုံးဆွဲနေသည်ဆိုသောသတင်းရအရ တာဝန်မှူး နှင့် နယ်ထိန်းအဖွဲ့များ၊ ကျေးရွာအုပ်ချုပ်ရေးမှူး အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်းဆောင်ရွက်နိင်မူကြောင့် ပြစ်မူကျူးလွန်သူများဖြစ်ကြသော နေမျိုးအောင်(၁၇)နှစ် နှင့်သန့် ဇင်အောင့်(၁၆ )နှစ်ညောင်လေးပင်မြို့ နယ် ကြိုးကြာကွင်ကျေးရွာနေသူတို့ အားငွေကျပ်သိန်းလေးဆယ်ကျော်တန်ဘိုးရှိ ဖောက်ထွင်းခိုးယူသွားသော ပစ္စည်းများနှင့်အတူ လက်ဝယ်တွေ့  ရှိသဖြင့် ဖမ်းဆီးသိမ်းဆည်း နိင်ခဲ့သည်။

သို့ ပါ၍ပြစ်မူကျူးလွန်သူများအား ညောင်လေးပင်မြို့ မရဲစခန်းက ဆက်လက်စစ်ဆေးကာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နေလင်း(ညောင်လေးပင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

ညောင်လေးပင်မြို့ မှာ လျပ်စစ်ပစ္စည်းအရောင်းဆိုင် ဖောက်ထွင်းတဲ့ သူခိုးအား ဖမ်းဆီးရမိ ညောင်လေးပင်မြို့ မှာ လျပ်စစ်ပစ္စည်းအရောင်းဆိုင် ဖောက်ထွင်းတဲ့ သူခိုးအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 20:07 Rating: 5
Powered by Blogger.