မြိုင်မြို့နယ် ကျောက်ဖူးကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၁၈)လုံးနှင့် ဓမ္မာရုံ (၁)လုံး ပျက်စီး


မြိုင် ဧပြီ ၁၅

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ဝက်ကျကျေးရွာအုပ်စု၊ ကျောက်ဖူး ကျေးရွာတွင် ဧပြီ ၁၄ ရက်နေ့ ည ၁ဝ နာရီ ၅၅ မိနစ်က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၁၈ လုံး နှင့် ဓမ္မာရုံ ၁ လုံး သွပ်မိုး အချို့ လေလန် ပျက်စီးခဲ့ကြောင်း သိရသည်။


အဆိုပါ လေပြင်းတိုက်ခတ်ရာ ကျေးရွာသို့ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းစိုးနှင့် (၉)ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ထန်လျန်မန်း နှင့် ရဲတပ်ဖွဲ့ဝင် (၁၃)ဦး၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးအောင်သီဟနှင့် မီးသတ်တပ်ဖွဲ့ဝင် (၁၃)ဦး တို့သည် ဧပြီ ၁၅ ရက်နေ့ နံနက် ၈ နာရီ မှ ၉ နာရီ မိနစ် ၃ဝ ထိ လေပြင်းတိုက်ခတ်ခံရသည့် အိမ်များနှင့် ဓမ္မာရုံသို့ လည်းကောင်း၊ သောက်ရေတွင်း (၃)တွင်းတို့ကို လည်းကောင်း ကြည့်ရှုစစ်ဆေးကြပြီး သောက်သုံးရေ အခက်အခဲ မရှိစေရန်နှင့် လေပြင်းတိုက်ခတ်ဒဏ်ခံရသည့် ပြည်သူများအား အားပေးစကား ပြောကြား၍ လိုအပ်သည်များကို စီစဉ်ဆောင်ရွက်ပေးကြသည်။

လေပြင်းတိုက်ခတ်မှုကြောင့် ၁၂ ပေသွပ် (၃၅၂)ချပ်၊ ၁ဝ ပေ သွပ် (၄)ချပ်၊ စုစုပေါင်း (၃၅၆)ချပ် ဆုံးရှုံးခဲ့ပြီး လူနှင့် တိရစ္ဆာန်များ ထိခိုက်ပျက်စီးမှု မရှိကြောင်းနှင့် လေလန်အိမ်များမှ မိသားစုဝင်များ အနေဖြင့် နေရာပြောင်းရွေ့ မနေကြဘဲ မိမိတို့ နေအိမ်တွင်သာ ပြန်လည်ပြုပြင်၍ နေထိုင်လျက်ရှိကြောင်း သိရသည်။

အောင်ကျော်မြင့် မြို့နယ် (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
မြိုင်မြို့နယ် ကျောက်ဖူးကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၁၈)လုံးနှင့် ဓမ္မာရုံ (၁)လုံး ပျက်စီး မြိုင်မြို့နယ် ကျောက်ဖူးကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၁၈)လုံးနှင့် ဓမ္မာရုံ (၁)လုံး ပျက်စီး Reviewed by THITHTOOLWIN on 19:19 Rating: 5
Powered by Blogger.