ကိန်းဘရစ်မြို့စားကတော် သားတော်လေး မွေးဖွား

အခုမွေးတဲ့ သားတော်ရဲ့အထက်မှာ သားတော်နဲ့ သမီးတော်ရှိ
ကိန်းဘရစ်မြို့စား မင်းသား ဝီလျံရဲ့ ကြင်ယာတော် ကက်သရင်းဟာ တတိယမြောက် သားရတနာကို ဒီကနေ့ မွေးဖွားခဲ့ပါတယ်။

သားတော်လေးဟာ အလေးချိန် ၈ ပေါင်၊ ၇ အောင်စ ရှိတယ်လို့ ဘာကင်ဟမ် နန်းတော်က ကြေညာပါတယ်။

မင်းသား ဝီလျံနဲ့ ကြင်ယာတော် တို့ရဲ့ တတိယ သားတော်လေးဟာ ဗြိတိန် တော်ဝင် ထီးနန်း အရိုက်အရာ ဆက်ခံဖို့ ပဉ္စမမြောက် နေရာမှာ ရှိပါတယ်။

ဒီသားတော်လေးကို ဘယ်လို ခေါ်ဆိုမလဲ ဆိုတာကို တရားဝင် ကင်ပွန်းမတပ် ရသေးပါဘူး။
လန်ဒန်မြို့လယ်က ဘီတီတာဝါတိုင်ထိပ်မှာလည်း 'ယောင်္ကျားလေး' ဆိုပြီး သားတော်လေး မွေးဖွားတဲ့သတင်းကို ရေးထားပါတယ်
ဒီသားတော်လေးဟာ အဲလစ်ဇဘက်ဘုရင်မကြီးရဲ့ ၆ ယောက်မြောက် မြစ်တော်လည်း ဖြစ်ပါတယ်။

မိခင်ရော ကလေးပါ ကျန်းမာတယ်လို့ ကန်ဆင်တန်နန်းတော်က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

BBC Burmese
http://www.bbc.com/burmese
ကိန်းဘရစ်မြို့စားကတော် သားတော်လေး မွေးဖွား ကိန်းဘရစ်မြို့စားကတော် သားတော်လေး မွေးဖွား Reviewed by THITHTOOLWIN on 21:37 Rating: 5
Powered by Blogger.