လူမနေသည့် နေအိမ်အတွင်း မူးယစ်သောက်စားသူများဝင်ရောက်၍ ဖယောင်းတိုင်မီးထွန်းညှိထားရာမှ နေအိမ်မီးလောင်မှုဖြစ်ပွား


မြစ်ကြီးနား ဧပြီ ၂၃

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဧပြီ ၂၃ရက် နံနက်၃နာရီမိနစ်၄၀က လူမနေသည့် နေအိမ်အတွင်း မူးယစ်သောက်စားသူများဝင်ရောက်၍ ဖယောင်းတိုင်မီးထွန်းညှိထားရာမှ နေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်ရှိ အိမ်ရှင်ဦးထွန်းလင်းပိုင်ဆိုင်သော လူနေထိုင်ခြင်းမရှိသည့် နေအိမ်အတွင်း မူးယစ်သောက်စားသည့် အခြေအနေမဲ့ နေထိုင်သူများမှ ဖယောင်းတိုင်မီးထွန်းညှိထားပြီး အဆိုပါဖယောင်းတိုင်မီးမှတဆင့် နေအိမ်သို့မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားရာ ကချင်ပြည်န​ယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်သူနှင့် မီးသတ်တပ်ဖွဲ့ဝင်များ အရန်မီးသတ်တပ်ဖွဲ့ဝင်များ အင်အား(၆၀)ခန့်က မီးငြိမ်းသတ်ယာဉ် (၅)စီး၊ရေသယ်ယာဉ်(၂)စီးတို့ဖြင့် ဝိုင်းဝန်းငြိမ်းသတ်ရာ နံနက်၎နာရီခွဲတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် အလျား(၃၀)ပေ၊ အနံ(၁၄)ပေ၊ သွပ်မိုးထရံကာ တစ်ထပ်နေအိမ်တစ်လုံး၊အလျား(၃၀)ပေ၊ အနံ(၁၄)ပေရှိ သွပ်မိုးအုတ်ကာ တစ်ထပ်နေအိမ်တစ်လုံး၊ စုစုပေါင်းနေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံးခဲ့သည်။

မီးလောင်မှုကြောင့် မူးယစ်သောက်စားကာ အခြေအနေမဲ့နေထိုင်သူ(ထွက်ပြေးတိမ်းရှောင်)များအား မြို့မရဲတပ်ဖွဲ့စခန်းမှ အမြန်ဆုံးဖမ်းဆီးရမိရေး စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

ဝင်းနိုင် ကချင်မြေ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
လူမနေသည့် နေအိမ်အတွင်း မူးယစ်သောက်စားသူများဝင်ရောက်၍ ဖယောင်းတိုင်မီးထွန်းညှိထားရာမှ နေအိမ်မီးလောင်မှုဖြစ်ပွား လူမနေသည့် နေအိမ်အတွင်း မူးယစ်သောက်စားသူများဝင်ရောက်၍ ဖယောင်းတိုင်မီးထွန်းညှိထားရာမှ နေအိမ်မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 22:16 Rating: 5
Powered by Blogger.