လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်ကြား၌ အမျိုးသားအလောင်း ၁ လောင်းတွေ့ရှိ


ကယားပြည်နယ် ၊  လွိုင်ကော်မြို့ နှင့် ဒီးမော့ဆိုမြို့နယ်ကြား ပန်ကန်းကျေးရွာအနီး လှည်းလမ်းပေါ်၌ ဧပြီလ ၂၀ ရက်နေ့ ညနေပိုင်းက အမည်မသိအမျိုးသား ၁ ဦး၏ အလောင်းအား ပြောက်ကျားအင်္ကျီ၊ အစိမ်းရောင်ဘောင်ဘီရှည်ဝတ်၍ ထိုင်လျက်အနေအထားဖြင့် ပုပ်ပွသေဆုံးနေသည်ကို တွေ့ ရှိရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့ သတင်းထုတ်ပြန်မှုအရ သိရပါသည်။

ဖြစ်စဉ်မှာ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့ ၁၇၅၀ အချိန် လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်ကြား ပန်ကန်းကျေးရွာအနီး လှည်းလမ်းပေါ်၌ လူ ၁ ဦးသေဆုံးနေကြောင်း သတင်းအရ လွိုင်ကော်မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးအဖွဲ့မှ သွားရောက်စစ်ဆေးရာ အသက်(၃၅)နှစ်ခန့်ရှိ အမည်မသိအမျိုးသား ၁ ဦး၏ အလောင်းအား ပြောက်ကျားအင်္ကျီ၊ အစိမ်းရောင်ဘောင်ဘီရှည်ဝတ်၍ ထိုင်လျက်အနေအထားဖြင့် ပုပ်ပွသေဆုံးနေသည်ကို တွေ့ရှိရသည်။

 ၎င်း၏ဘေးတွင် လုပ် သေနတ် ၁ လက်၊ ၅.၅၆ ကျည် ၁ တောင့်၊ ၎င်းကျည်ခွံ ၆ တောင့်၊ ဓားမြှောင် ၁ လက်၊ ဓာတ်မီး ၁ လက်၊ မီးခြစ် ၃ လုံး၊ ဦးထုပ် ၁ လုံး၊ သော့တွဲ ၂ တွဲနှင့် ငွေစက္ကူ ၇,၆၀၀ ကျပ်တို့အားတွေ့ရှိရသဖြင့် လွိုင်ကော် ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး လွိုင်ကော်မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၅/၂၀၁၈)ရေးဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

သစ်ထူးလွင်
လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်ကြား၌ အမျိုးသားအလောင်း ၁ လောင်းတွေ့ရှိ လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်ကြား၌ အမျိုးသားအလောင်း ၁ လောင်းတွေ့ရှိ Reviewed by THITHTOOLWIN on 14:07 Rating: 5
Powered by Blogger.