တနင်္သာရီမြို့ နယ်တွင် လင်ယောက်ျားဖြစ်သူမှ ဇနီးဖြစ်သူကို မသေမချင်းရိုက်နှက်မှုဖြစ်ပွား


တနသာင်္ရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအုပ်စု၊ ညောင်ပင်ကွင်းအနောက်ရွာနေ လင်ယောကျာ်းဖြစ်သူ ဘိန်းတောဆေးဆရာ ဦးကြည်ဝင်းမှ ဇနီးဖြစ်သူ ဒေါ်စီစီအောင်အား အိမ်တံခါးပိတ်ပြီး ပုဆိုးဖြင့် ပါးစပ်ကိုစည်း၍ (19.4.2018) ဧပြီလ ၁၉ ရက်နေ့ ည ၆ နာရီမှ ၉ နာရီလောက်ထိ မသေမချင်းရိုက်နှက်ခဲ့ကြောင်း အိမ်နီးချင်းများက ပြောပြချက်အရ သိရသည်။

 ဇနီးဖြစ်သူမှာ စိုးရိမ်ရသော ဒဏ်ရာများရရှိခဲ့သဖြင့် ကျေးရွာနေပြည်သူများက အရေးပေါ်လူနာတင်ကားဖြင့် တနင်္သာရီဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါသည်။

လင်ယောကျာ်းဖြစ်သူကို ရဲတပ်ဖွဲ့မှ ဖမ်းခေါ်သွားခဲ့ကြောင်း ကနဦး သတင်းအရ သိရသည်။

Ever Green
တနင်္သာရီမြို့နယ်-သတင်းမီဒီယာ
တနင်္သာရီမြို့ နယ်တွင် လင်ယောက်ျားဖြစ်သူမှ ဇနီးဖြစ်သူကို မသေမချင်းရိုက်နှက်မှုဖြစ်ပွား တနင်္သာရီမြို့ နယ်တွင် လင်ယောက်ျားဖြစ်သူမှ ဇနီးဖြစ်သူကို မသေမချင်းရိုက်နှက်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 09:06 Rating: 5
Powered by Blogger.