မြောက်ဥက္ကလာ ဂုံးတံတား(လမ်းဝ)အောက်၌ မော်တော်ယာဉ် တိမ်းမှောက်မှုကြောင့် လူ (၂) ဦးသေဆုံး


ရန်ကုန် ဧပြီ ၁၄

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်၊ ဝေဇယန္တာလမ်း၊ မြောက်ဥက္ကလာ ဂုံးတံတား(လမ်းဝ)အောက်၌ ယနေ့ နေ့လယ် ၁၃း၃၅ နာရီ အချိန်တွင် မော်တော်ယာဉ် (၁)စီး ပလက်ဖောင်းအား ဝင်တိုက်၍ တိမ်း မှောက်မှု ဖြစ်ပွားခဲ့သည်။


အဆိုပါ ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်ကြောင့် ယဉ်ပေါ်ပါ အမျိုးသား (၅) ဦး အနက် (၂) ဦးသေဆုံးပြီး (၃) ဦးဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

Ref; Myanmar Fire Services Department
မြောက်ဥက္ကလာ ဂုံးတံတား(လမ်းဝ)အောက်၌ မော်တော်ယာဉ် တိမ်းမှောက်မှုကြောင့် လူ (၂) ဦးသေဆုံး  မြောက်ဥက္ကလာ ဂုံးတံတား(လမ်းဝ)အောက်၌ မော်တော်ယာဉ် တိမ်းမှောက်မှုကြောင့် လူ (၂) ဦးသေဆုံး Reviewed by THITHTOOLWIN on 21:08 Rating: 5
Powered by Blogger.