ပုသိမ်ကြီးမြို့နယ်တွင် ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံဖျက်သိမ်းပေးရေး ဆန္ဒထုတ်ဖော်


မန္တလေး ၂၃ ဧပြီ

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ဒဟတ္တောကျေးရွာအုပ်စု၊ အောင်သပြေကျေးရွာတွင် မြင့်ရင်း နှီးမြှုပ်နှံမှုအုပ်စု ကုမ္ပဏီ၏ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ တည်ဆောက်နေသည့် စီမံကိန်းအား အပြီးအပိုင် ရပ်တန့်ပေးရေးနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအား ရာထူးမှဖယ်ရှားပြီး အရေးယူပေးရေး တို့အတွက် ဧပြီလ ၂၃ရက်နေ့ မနက်ပိုင်းမှာ အောင်သပြေကျေးရွာ ဒေသခံတွေက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။


အဆိုပါကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံကို ၂၀၁၂-၂၀၁၃ခုနှစ် ကတည်းက ဆောက်လုပ်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကျောက်မီးသွေးလောင်စာကြောင့် ထိခိုက်မှုတွေရှိလာမှာကို ဒေသခံတွေက စိုးရိမ်ကြတဲ့အတွက် ၂၀၁၅-၂၀၁၆ ခုနှစ်ကတည်းက ကန့်ကွက်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

ကုမ္ပဏီကို အဲဒီပတ်ဝန်းကျင်ကနေ အပြီးအပိုင် ထွက်သွားရေးအပါအဝင်၊ ကျေးရွာအဝင် ဆိုင်းဘုတ်ဖျက်ဆီး သူများအား အရေးယူပေးရေး၊ အောင်သပြေကျေးရွာက စိုက်ပျိုးထားသည့် ကျွန်းပင်နှင့် အရိပ်ရ သစ်ပင်များကို ဖျက်စီးခွင့်ပြုခဲ့သည့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို အရေးယူပေးရေးတို့ကို တောင်းဆိုခဲ့ကြတာလည်း ဖြစ်ပါတယ်။

"ကျွန်တော်တို့ကတော့ ဒီကုမ္ပဏီကို အပြီးတိုင်ဖျက်သိမ်းပေးဖို့ရာပဲ၊ ကျွန်နော်တို့လိုချင်တာ ဒီကုမ္ပဏီလုံးဝ ထွက်ခွာသွားဖို့ရာ အရေးကြီးတယ်" ဟု ဒေသခံတစ်ဦးကလည်း ပြောပါတယ်။

အခုလိုဆန္ဒဖော်ထုတ်တာဟာ ဒုတိယအကြိမ်ဖြစ်ပြီး ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာထိပ်ကနေ စတင် ခဲ့ပြီး ပုသိမ်ကြီးမြို့အဝင်အထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဆုဆုရှိ
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
ပုသိမ်ကြီးမြို့နယ်တွင် ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံဖျက်သိမ်းပေးရေး ဆန္ဒထုတ်ဖော် ပုသိမ်ကြီးမြို့နယ်တွင် ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံဖျက်သိမ်းပေးရေး ဆန္ဒထုတ်ဖော် Reviewed by THITHTOOLWIN on 16:31 Rating: 5
Powered by Blogger.