ခင်ဦးမြို့နယ်၌ ဓါးဖြင့်ခုတ်၍ ဆိုင်ကယ်လုယက်မှုဖြစ်



ခင်ဦး ဧပြီ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၌ ဧပြီ ၁၂ ရက်နေ့ ည ၁၂ နာရီအချိန်ခန့်က ဓါးဖြင့်လိုက်ခုတ်ပြီး ဆိုင်ကယ်လုယူသွားကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ရေဦးမြို့ အောင်ဆန်းရပ်ကွက်နေ ဦးဌေးကို၏သား မောင်အောင်ကျော်ခန့် ၂၁ နှစ်သည် အနက်ရောင် “SCOOPYI” ဆိုင်ကယ်ဖြင့် ခင်ဦး-မြေနီလျှိုလမ်းဆုံမှ ခင်ဦးမြို့ဘက်သို့ တစ်ယောက်တည်းမောင်းလာစဉ် မိုင်တိုင်အမှတ်- ၆/၀ အရောက်တွင် အမည်မသိလူနှစ်ဦးမှာဆိုင်ကယ်ဖြင့် နောက်မှကပ်လိုက်လာသောကြောင့် မသင်္ကာ၍ အဆိုပါလမ်းဆုံဘက်သို့ ပြန်လှည့်မောင်းနှင်နေစဉ် အမည်မသိလူနှစ်ဦး၏ဆိုင်ကယ်နောက်တွင်ထိုင်လိုက်လာသော ဘောင်းဘီရှည်နှင့်လူမှ အရိုးအသွား ၂ ပေခွဲခန့်ရှိ ဓါးဖြင့် လိုက်ခုတ်ရာ ၀ဲဘက်လက်ဖျန်တွင် အရှည် ၃ လက်မခန့်ပြတ်ရှဒဏ်ရာ တစ်ချက်နှင့် ၀ဲဘက်မျက်နှာပါးရိုးပေါ်တွင် အရှည် ၁ လက်မခန့် ပြတ်ရှဒဏ်ရာ တစ်ချက်ရရှိ၍လဲကျနေစဉ် ၎င်းအမည်မသိဘောင်းဘီရှည်နှင့်လူမှာ ဆိုင်ကယ်လုယူပြီး ခင်ဦးမြို့ဘက်သို့ ထွက်ပြေးသွားခဲ့သည်။

၎င်းဖြစ်စဉ်နှင့်ပါတ်သက်၍ ဒဏ်ရာများရရှိထားသော မောင်အောင်ကျော်ခန့်အား ခင်ဦးပြည်သူ့ဆေးရုံသို့ ရဲဆေးစာဖြင့် ပို့ဆောင်ကုသလျှက်ရှိပြီး တရားခံများအား အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် ခင်ဦးမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးထွဏ်းထွဏ်းဦး၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ကျော်ဇင်ဦးနှင့် တပ်ဖွဲ့ဝင်များ က အပူတပြင်း စုံစမ်းဆောင်ရွက်နေကြောင်း သိရသည်။

ချစ်စံ(ခင်ဦး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ခင်ဦးမြို့နယ်၌ ဓါးဖြင့်ခုတ်၍ ဆိုင်ကယ်လုယက်မှုဖြစ် ခင်ဦးမြို့နယ်၌ ဓါးဖြင့်ခုတ်၍ ဆိုင်ကယ်လုယက်မှုဖြစ် Reviewed by THITHTOOLWIN on 21:21 Rating: 5
Powered by Blogger.