ကမ္ဘောဒီးယား အတိုက်အခံ ခေါင်းဆောင်တဦးကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီး


ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင်တဦးဖြစ်တဲ့ ဆမ်ဆီရေး ကို ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက ဖမ်းဆီးထိမ်းသိမ်းထားတယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ဒီနေ့ပြောလိုက်ပါတယ်။

အဲဒီပုဂ္ဂိုလ်ဟာ ဒိန်းမတ်နိုင်ငံမှာ အခြေစိုက်ထားတဲ့ ခမာအမျိုးသား လွတ်မြောက်ရေးတပ်ဦး KNLF ခေါင်းဆောင်ဖြစ်ပြီး၊ ဘန်ကောက်မြို့မြောက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးရုံးမှာ ဗီဇာသက်တမ်းတိုးဖို့ စောင့်နေတဲ့အချိန်မှာ ဖမ်းလိုက်တာလို့ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ကမ္ဘောဒီးယားပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရသူ ခီယူဆော့ဖိက ဆမ်ဆီရေးကို ကမ္ဘောဒီးယားကိုလွှဲပေးဖို့ ထိုင်းအစိုးရနဲ့ ဆွေးနွေးနေတယ်လို့ ပြောပါတယ်။

ဒါကြောင့် ဆမ်ဆီရေးကိုပြန်ပို့မှာကို အထူးစိုးရိမ်နေတယ်လို့ HRW အဖွဲ့ကပြောပါတယ်။ ကမ္ဘောဒီးယားအစိုးရက အလိုရှိတဲ့သူတွေကို ထိုင်းနိုင်ငံမှာ ဖမ်းမိတဲ့အခါတွေမှာ ပြန်ပြီးလွှဲပြောင်းပေးလေ့ရှိနေပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ကမ္ဘောဒီးယား အတိုက်အခံ ခေါင်းဆောင်တဦးကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီး ကမ္ဘောဒီးယား အတိုက်အခံ ခေါင်းဆောင်တဦးကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီး Reviewed by THITHTOOLWIN on 21:41 Rating: 5
Powered by Blogger.