မြောက်ကိုရီးယားမှာ ယာဉ်မတော်တဆမှု တရုတ်ခရီးသွား ၃၀ ကျော် သေဆုံး


မြောက်ကိုရီးယားနိုင်ငံမှာ မနေ့က ကမ္ဘာလှည့်ခရီးသည်တင် ဘတ်စ်ကားတစ်စီး တံတားအောက်ကို ထိုးကျသွားခဲ့တဲ့အတွက် တရုတ်နိုင်ငံသား ၃ဝ ကျော် သေဆုံးခဲ့ရတယ်လို့ တရုတ်အစိုးရက ပြောပါတယ်။

တရုတ်ခရီးသွားဧည့်သည် ၃၂ ဦး သေဆုံးပြီး၊ နောက်ထပ် ၂ ဦးလည်း ဒဏ်ရာတွေ ရရှိထားတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ လူကန်းက သတင်းထောက်တွေကို ပြောပါတယ်။

ယာဉ်မတော်တဆမှုဖြစ်ပွားရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းစစ်ဆေးနေဆဲလို့ ဆိုပါတယ်။

မြောက်ကိုရီးယားနိုင်ငံကို သွားရောက်လည်ပတ်တဲ့ နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေထဲမှာ တရုတ်နိုင်ငံသားက အများဆုံးဖြစ်ပါတယ်။ အနောက်နိုင်ငံတွေကတော့ တစ်နှစ်ကို ၅ ထောင်လောက်သွားရောက်လည်ပတ်ပြီး၊ အဲဒီထဲမှာ အမေရိကန်နိုင်ငံသားက ၂၀ ရာခိုင်နှုန်းခန့် ပါဝင်တယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
မြောက်ကိုရီးယားမှာ ယာဉ်မတော်တဆမှု တရုတ်ခရီးသွား ၃၀ ကျော် သေဆုံး မြောက်ကိုရီးယားမှာ ယာဉ်မတော်တဆမှု တရုတ်ခရီးသွား ၃၀ ကျော် သေဆုံး Reviewed by THITHTOOLWIN on 22:15 Rating: 5
Powered by Blogger.