ကုန်တင်ရေယာဉ်တစ်စီး ဧရာဝတီမြစ်အတွင်း နစ်မြုပ်


မန္တလေး ၊ ဧပြီ ၂၆ ၊ ၂၀၁၈

စစ်ကိုင်းမြို့နယ်၊မင်းကွန်းတိုက်နယ်၊သဲဖြူချောင်းကျေးရွာအနီးတွင်ဧပြီလ ၂၆ ရက်နေ့ကကုန်တင်ရေယာဉ်တစ်စီးဧရာဝတီမြစ်အတွင်း နစ်မြုပ်မှုဖြစ်ပွားခဲ့သည်။

ယင်းရေယာဉ်သည် မတ္တရာမြို့နယ် အေးကျွန်းရွာမှ မန္တလေးဆိမ်ကမ်းသို့ပဲအိတ်များ ပို့ဆောင်ရန်ထွက်ခွာလာသည့် ရေယာဉ်ဖြစ်ပြီး မိုးသက်လေပြင်းကျသဖြင့် ကမ်းကပ်ရန်လုပ်ဆောင်နေစဉ် အချွန်ဖြင့် ရေယာဉ်အောက်ပိုင်းကိုထိုးမိ၍ ရေယာဉ်ဝမ်းဗိုက်ပေါက်ကာ နစ်မြုပ်သွားကြောင်း သိရသည်။

ထိုသို့နစ်မြုပ်ခဲ့သည့်အတွက် အနီးအနားရွာများမှ သွားရောက်ကယ်ဆယ်မှုများပြုလုပ်ခဲ့ရာ ရေယာဉ်ပေါ်တွင်ပါရှိသည့် ခရီးသည်များ အသက်အန္တရာယ်မရှိပဲ ကမ်းသို့ ကယ်ဆယ်နိုင်ခဲ့ကြောင်း မင်းကွန်းတိုက်နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမြတ်ထွန်းက ပြောသည်။

ထို့အပြင် ရေယာဉ်ပေါ်တွင် ပါလာသည့် ပဲအိတ်မျိုးစုံ (၂၅၀) ကျော်အား သဲဖြူချောင်းရွာ ဒေသခံများမှ ဝိုင်းဝန်းကူညီသယ်ဆောင်၍ ဆိပ်ကမ်းသောင်ပြင်ပေါ်သို့ ရွှေပြောင်းပေးခဲ့ကြောင်း သိရသည်။

နိုင်လင်းဦး
The Fifth Wave News
https://www.facebook.com/fifthwavenews/
ကုန်တင်ရေယာဉ်တစ်စီး ဧရာဝတီမြစ်အတွင်း နစ်မြုပ် ကုန်တင်ရေယာဉ်တစ်စီး ဧရာဝတီမြစ်အတွင်း နစ်မြုပ် Reviewed by THITHTOOLWIN on 21:24 Rating: 5
Powered by Blogger.